Chapter (4)

278 42 1
                                    

စောဟန်မင်းမောင်သည် သော်သျှန်းဝေနှင့် ပထမဆုံးတွေ့ဆုံပြီးနောက်ပိုင်းတွင်တန်းခွဲ C ကို ချောင်းပေါက်မတတ်သွားခဲ့သည်။

၁၀ကြိမ်တွင် ၇ကြိမ်လောက် သော်၏ အဖက်မလုပ်ခြင်းကိုခံရသည်။ ၃ကြိမ်သည်ကား သူလိုက်စသဖြင့် သော်စိတ်တိုခြင်းပင်။ စောဟန်မင်းမောင်က ဇွတ်တရွတ်ဖြင့် ပြောချင်ရာပြောတတ်ပြီး ရှက်အောင်လုပ်သလို သော့်မျက်နှာလေးမဲ့သွားပြန်လျှင်လည်း ချက်ချင်းတောင်းပန်သည်။

"သော့်အနားမှာ ကပ်ပါးကောင်လိုနေရလည်းဖြစ်တယ် သရဲလိုနေရလည်းဖြစ်တာမို့ ကိုယ့်ကိုနှင်မထုတ်ပါနဲ့ကွာ"

"ကိုယ်ကလေ သော့်ကိုအောက်စီဂျင်လိုမျိုး မရှိမဖြစ်လိုအပ်နေတာ သော် ကိုယ်သေတာမြင်ချင်ရင်တော့ ဆက်နှင်ထုတ်ပေါ့"

စောဟန်မင်းမောင်တစ်ယောက် အရှက်ကင်းမဲ့စွာ ထိုစကားများကိုပြောနေခဲ့သော်လည်း သော်က သူ့ကိုပြန်မအော်ချေ။ သူတို့ရောက်နေတာက စာကြည့်ခန်းဖြစ်နေတာမို့ပင်။ မင်းမောင်သည် သော့်မျက်နှာချင်းဆိုင်နေရာတွင် ရအောင်ထိုင်ပြီး စာလုပ်ရန်လာသော သော့်ကိုနှောင့်ယှက်စကားများဆိုသည်။

အခန်းစောင့်ဆရာလစ်သည့်အချိန်တွင် သော့်နားကိုတိုးကပ်ပြီး "နော်.."
ဟု ခပ်ဖွဖွလေးရွတ်လိုက်သည်။ ပထမဆုံးအကြိမ် သော့် ပါးပြင်ပေါ်ကသွေးကြောမျှင်တွေကိုမြင်ရပြီး သော့်နားရွက်ဖျားလေး ရဲရဲနီနေတာကို ထိုအချိန်ကမြင်လိုက်ရသည်။

"စောဟန်မင်းမောင် စာပဲလုပ်စမ်းပါ"

အံကြိတ်ကာဖြင့် အသံတိုးနိုင်သမျှတိုးအောင်ပြောရင်း ကျိတ်ဆူနေသောသော့်ကိုကြည့်ပြီး မင်းမောင်အသည်းတယားယားဖြစ်နေသည်။

အမှန်ဆို သူတို့တွေက တခြားသူတွေလိုမျိုး ထိုင်ခုံအောက်ကနေ လက်လေးခိုးတွဲနေကြတာမျိုး လုပ်သင့်သည်။

"စာတွေက သော့်မျက်နှာလေးလောက်မှ ကြည့်ချင်စရာမကောင်းတာ"

"စောဟန်မင်းမောင် ! "

သို့နှယ် သူ့နာမည်ကိုခပ်မာမာခေါ်ပြီးနောက် သော်သျှန်းဝေက သူ့ကိုအဖက်မလုပ်တော့ချေ။ စာအုပ်နှင့်မျက်နှာကိုသာ အပ်ထားပြီး မင်းမောင်ဘယ်လောက်ခေါ်နေပါစေ မကြားရသလိုပြုမူလေတော့သည်။

SuperStar MinMaung in a Relationship with His ThawWhere stories live. Discover now