Part-18 ( Uni )

4.4K 156 9
                                    

မနက်ခင်းကတည်းက သားအခန်းထဲကအိပ် ပျော်နေလို့မထွက်လာတဲ့အထင်နဲ့ နိုးလာမယ့်အချိန်ကိုကိုစောင့်သည်မှာ အချ်န်အတန်ကြာ။နေ့လည်မွန်းတည့်ချိန်ထိ သားအခန်းထဲထွက်လာတာမရှိဘဲ တိတ်ဆိတ်နေလျက်။

အခန်းနားကိုလျှောက်လာရင်း အခေါ်ပြုပေး မယ့်တဖက်ခန်းမှ ဘာအသံမှထွက်မလာဘဲ တိတ်ဆိတ်နေဆဲဖြစ်တာကြောင့် တံခါးဖွင့်ကာဝင်လာတဲ့အခါ သားကိုမတွေ့။စိုးရိမ်လာတဲ့ စိတ်ဟာတိုးဝင်နေလျက်ဖြင့် အခန်းပတ်ပတ်လည်ကိုသာလိုက်ရှာနေမိတယ်။ရှာနေပေမဲ့လည်း သားရဲ့ခုတင်ပေါ်ကစာတစ်စောင်သာတွေ့ရတာကြောင့် ကျွန်မ ရင်ကို တုန်လှုပ်စိုးထိတ်မှုသာ အတိုင်းသား။

စာရွက်လေးကိုမရဲတရဲနဲ့သာ ဖွင့်ဖတ်ကြည့်တဲ့အခါ စာလုံးလှလှနဲ့ရေးထားတဲ့ စာတွေဟာကျွန်မ ရင်ကိုအက်ကွဲစေပါတယ်။စာထဲရေးထားတာက...

* ကျွန်တော်အခု အဲ့မိသားစုကိုနာကြည်းလွန်းလို့ ဆက်နေဖို့မဖြစ်နိုင်တော့ဘူးအမေ။အရာအားလုံးပေးဆပ်ပြီး နာကျင်စရာရတာတွေ များလွန်းလို့ ဒီထက်ပိုနာကျင်ရမယ်ဆို ကျွန်တော်မွန်းကျပ်ပြီးသေသွားနိုင်လို့...အေးချမ်းတဲ့ဘဝတစ်ခုမှာရှာဖွေနေထိုင်ပြီး အသက်ဆက်ပါရစေ၊ကျွန်တော်အမေဆီက ထွက်သွားရလို့ ခွှင့်လွှတ်ပေးပါ... *

အချိန်တန်ရင် ထွက်သွားမယ်ဆိုတာကြိုသိပေမဲ့လည်းချက်ချင်းကြီးထွက်သွားမယ်လို့ မထင်မိခဲ့။သားဟာ ထွက်သွားခဲ့ပြီဆိုတဲ့ အသိနဲ့ မြနန္ဒာရဲ့ ရင်မှာ စူးခနဲ အောင့်ကာ နှလုံးသားကိုဓားနဲ့ မွန်းချေသည်နှယ့် သွေးစိမ်းရှင်ရှင်ကျကာ နာကျင်ရတယ်။ထွက်မသွားခင်မှာအမေ့ကို သတ်ပြီးမှသာ ထွက်သွားလိုက်ပါတော့လား သားရယ်။

သားလေးဆီကနေအဲ့နေ့ကစပြီး ဘာသတင်းအစအနမှရှာမရအောင် စွန့်ခွါပျောက်ကွယ်သွားခဲ့သည်။သားလေးရဲ့စကားသံတွေ၊တခါတလေမှသာ ရီတတ်တဲ့ရီသံလေးတွေ၊ကျွန်မငိုတိုင်း မျက်ရည်တွေကိုလာသုတ်ပေးတတ်တဲ့ လက်ဖဝါးပြင်နုနုလေးတွေကို သတိရလာတဲ့အခါတိုင်း သားရဲ့ငယ်ငယ်က ဓာတ်ပုံကိုကြည့်ပြီး ခိုးခိုးပြီးမျက်ရည်ကျရတဲ့နေ့တွေဟာ အဲ့နေ့မှာစတင်ခဲ့ပါတယ်။

အမှောင်ထု၏ စေလိုရာ  ( MÁFIA OF THE Midnight )Where stories live. Discover now