မနက်ခင်းနေရောင်ခြည်က အခန်းတွင်းကို ကြည်လင်ဖြာကျနေသည်။ပတ်ဝန်းကျင် လေထုကလည်း ကြည်လင်နေပြီး နေရောင်ခြည်အနွေးဓာတ်နဲ့ နွေးထွေးလို့နေသည်။
Lewisက အိပ်ရာကအစောကြီးနိုးနေကျဆိုတော့ အကုန်ပြင်ဆင်ထားပြီးလေပြီ။black vest outfit ကိုဝတ်ဆင်ထားသည်။လက်ကိုတော့ အနည်းငယ်ခေါက် ထားပြီး လက်မောင်းမှာ အနက်ရောင် coatကို ချိတ်ကာ ဧည့်ခန်းကို ဆင်းလာခဲ့သည်။
ဧည့်ခန်းကို ရောက်သည်နှင့် coatကို ဆိုဖာ ခုံပေါ်တင်ကာ ထိုင်လိုက်သည်။ဘေးက ဖန်စားပွဲပေါ်မှာ တင်ထားတဲ့ စီးကရက်ဘူးထဲက စီးကရက် တစ်လိပ်ကို မီးညှိ့ကာ ဖွာရှိုက်လိုက်သည်။လေထုမှာတော့ အခိုးအငွေ့ တစ်ချို့နဲ့ မှိုင်းညို့ရီမောဖွယ် ဖြစ်နေသည်။အခန်းတွင်းလေထုမှာတော့ ပြင်းပြတဲ့ မှော်ပုလဲနက်ရနံ့က ဖုံးလွှမ်းလို့နေပြန်သည်။
" boss...ကျွန်တော် ဝင်လာလို့ရမလား "
" ရတယ်..."
အခန်းတံခါးကို ဖွင့်ကာ ဝင်လာသည့်လူတစ်ဦး ထိုလူကLewisကို တွေ့သည်နှင့် ခေါင်းကိုငုံ့ကာ ရပ်နေသည်။ခြေတစ်ဖက်ကို ဒူးအထက်တင်ကာ ထိုင်နေပြီး ဆေးလိပ်ဖွာရှိုက်နေသည့် Lewis။ မျက်ဝန်းတို့က ပြာလဲ့နေပြီး ကျောက်သားပမာအေးစက်ခက်ထန်နေကာ ခန္ဓာကိုယ်မှ ပြင်းပြတဲ့ မှော်ပုလဲနက်ရနံ့နဲ့ အတူ ခံညားမှု အရှိန်အဝါများက စိမ့်ထွက်နေသည်။
နှုတ်ခမ်းတစ်စုံက ပြုံးရယ်ခြင်းမရှိပဲ တည်တင်းလို့နေသည်။စီးကရက်ကို မီးသတ်လိုက်ပြီး အကြည့်တစ်စုံက ထိုလူကိုသာ ကြည့်နေသည်။ထို့နောက် မာကြောသော ဂုဏ်ရှိန်အာဏာ အသံနဲ့ ထိုလူကို မေးသည်။
" ဒီလာပြီး မင်းဟာကို ကြီးလားသေးလားစူးစမ်းလာငုံ့ကြည့်မနေနဲ့ ကျုပ်ကိုကြည့်ပြီး လိုရင်းသာပြော...ဘာကိစ္စလဲ "
ထိုလူက Lewis ရဲ့ အသံကို ကြားသည်နှင့် ဆတ်ခနဲ ခေါင်းမော့လာပြီး ပြောရန်ပြင်လိုက်သည်။Lewis ကတော့ မည်သည့်အမူအရာမှ မပြဘဲ တိတ်ဆိတ်ကာ ထိုလူ့ကို အေးစက်သော အကြည့်တို့နှင့်သာကြည့်နေသည်။
YOU ARE READING
အမှောင်ထု၏ စေလိုရာ ( MÁFIA OF THE Midnight )
Aksiyonမြေအောက်လောကရဲ့ ရက်စက်ကြမ်းကြုတ်ပြီး ကျောက်သားလိုမာကြောနေတဲ့ နှလုံးသားပိုင်ရှင်က ခရီးသွားblogger လေးတစ်ဦးရဲ့ အပြုံးလေပြေနုနုလေးတွေကြောင့် ကျောက်သားလိုမာကြောသူကြီးတစ်ယောက် အချစ်နဲ့ ထိတွေ့ခဲ့ရလေပြီ။ကျုပ်က ဘုရင်တစ်ပါးလို နေပြီး လူတိုင်းခစားနေရတယ် ဒါပေမ...