Part-19 ( Zawgyi )

1K 15 0
                                    

" ဪ...မောင်ဇေဖြိုးရောက်လာပြီပဲ အလုပ်အကြောင်းတွေပြောပြပြီးသားဆိုတော့ အလုပ်လုပ်ရင်းနဲ့ပဲ သင်ယူလိုက်ပါ။အခြားWaiterတွေနဲ့အတူတူလုပ်ရင်း နားလည်လာပါလိမ့်မယ် "

" ဟုတ်ကဲ့ပါဗျ ကျေးဇူးပါ...ကျွန်တော်အလုပ်ကိုသေချာလုပ်ပါ့မယ် "

ထိုလူကခေါင်းညိတ်ပြပြီး ပြန်ထွက်သွားတော့သည်။Bar waiter Uniform အနက်လေးကိုရှပ်အဖြူလေးနဲ့တွဲဖက်ဝတ်ထားတဲ့ ကျွန်တော့်ပုံက ဒီBarရဲ့ ပိုင်ရှင်ကအပျော်မောင်အလုပ်ကိုလုပ်ဖို့ပဲပြောနေပေမဲ့ Waiterလုပ်ဖို့သာ ကျွန်တော် မနည်းတောင်းပန်ပြောလိုက်ရတာကြောင့် Waiterအလုပ် လေးကို ရသွားခဲ့သည်မှာ ဘုရားရဲ့ကျေးဇူးတော်ကြောင့် ထင်ပါရဲ့။Waiterတစ်ယောက်အဖြစ် အလုပ်ကိုရသွားခဲ့တယ်။

Bar ဟာ Normal Bar တစ်ခုမဟုတ်ဘဲ ပိုက်ဆံရှိတဲ့သူဋေးတွေ၊ဘောစိတွေ၊ ရေလျှံတဲ့ဘဲကြီးတွေ၊Gangsterတွေနဲ့ Mafia အများစုလာတတ်တဲ့ Barတစ်ခုသာ။VIP Roomအများစုကလည်း အမိုက် စားအခန်းတွေလုပ်ထားပြီး Sex Toyတစ်ခုလို အပျော်မယ်တွေ ကောင်လေးတွေအများစု Sex partner တွေကလည်း Barမှာရှိနေသေး၏။

အချို့VIP Room အများစုဆီဝန်ဆောင်မှုပေးရတတ်ပြီး တခါတလေတွေ့ရပြန်တာကလည်း ပွတ်သီးပွတ်သပ်နဲ့ သူတို့ရဲ့Sex Partnerတွေကို အသား,ကပွန်းထိတာ နမ်းရှိုက်နေတာတွေမြင်လိုက် ရတိုင်းလည်း စက်ဆုပ်ရွံ့ရှာသလိုလို စိတ်တွေဟာနောက်ကျိရပါတယ်။Barမှာ အလုပ်လုပ်တာဆိုတော့လည်း သည်းခံပြီးကိုယ့်အလုပ်သာကိုယ်ဆက်
လုပ်ရပါတယ်။

VIP Roomနဲ့ အခြား Roomတွေကိုဝန်ဆောင်မှုပေးရင်း အလုပ်ရှုပ်နေသည်မှာအချိန်အတော်အတန်ကြာသွားခဲ့သည်။နာရီလေးကိုကြည့်လိုက်တော့ နေ့လည် ၅ နာရီထိုးလေပြီ။Barကိုလာတဲ့သူတွေရဲ့ သောက်စားခဲ့တာတွေကို ပြန်ရှင်းပြီး Roomထဲကထွက်လာလိုက်တဲ့အခါ Bar ရဲ့တာဝန်ရှိသူဟာ
ကျွန်တော့်ဆီတည့်တည့်လျှောက်လာခဲ့သည်။

" အလုပ်လုပ်တာအဆင်ပြေတယ်မလားဇေဖြိုး?"

" ဟုတ် အဆင်ပြေပါတယ်ဗျ "

" ဟုတ်ပြီလေ မင်းတော်သေးတယ်ကွာ...မင်း Sex Toy job ကလွတ်သွားတာ။Waiterအလုပ်ရဖို့ ငါမနည်းပြောခဲ့ရတာ ငါ့ကိုတစ်ဝိုင်းကျွေးရမယ် နော် ကောင်လေး "

အမှောင်ထု၏ စေလိုရာ  ( MÁFIA OF THE Midnight )Where stories live. Discover now