အပိုင်း ၁

397 9 0
                                    

၂၀၀၈ခုနှစ်သက္ကရာဇ်

တင်တောင်! တင်တောင်!

"ဦးမောင် ​ဘဲလ်သံကြားတယ် ဘယ်သူလဲမသိဘူးသွားကြည့်လိုက်ပါအုံး"

"ဟုတ်ကဲ့ အကိုလေး"

ဦးမောင်ကိုခေါင်းဆတ်ပြကာ နှိုင်းနေနိုင်လပ်တော့ပ်မှအကြည့်တွေခွာကာမျက်နှာမှာတပ်ဆင်ထားတဲ့ငွေရောင်မျက်မှန်ကိုအသာဖယ်ကာ အကြောတွေကိုလက်တွေကားလို့ဆွဲဆန့်လိုက်သည်။ ထွက်လာသောအသံများမှာ။ တဂွတ်ဂွတ် ။လူလဲမနေနိုင်စွာ ပါးစပ်မှထုတ်ညည်းမိသည်အထိ။

"ညောင်းတာကွာ အခုမှပဲနေသာထိုင်သာရှိသွားတော့တယ် လုပ်လိုက်ရတဲ့အလုပ်တွေမြန်မြန်သေ မှာပဲအိပ်မှာနားလို့လဲ မပြီးနိုင်တဲ့အလုပ်တွေ.. "

"အကိုလေး ပါဆယ်လာပို့တာတဲ့"

"ဟမ် မှာထားလို့လား"

"မသိဘူး အကိုလေး ရှင်းပြီးပြီလို့တော့ပြောတာပဲ"

"အေးအေး တင်ခဲ့လိုက်"

နိုင်းနေနိုင်သူအလုပ်လုပ်နေသည့်စားပွဲပေါ်သို့မျက်စပြလိုက်သည်။

"ဟုတ်ကဲ့ အကိုလေး"

စားပွဲပေါ် ပါဆယ်ဗူးတင်ကာထွက်သွားသောဦးမောင်ကိုတစ်ချက်ဆွေကြည့်ရင် မိမိအရှေ့ကပါဆယ်ပေါ်အကြည့်ရောက်သည်။ဖွင့်ရမလား မဖွင့်ရဘူးလား ဒွဟဖြင့် ။ အခုခေတ်ကယုံရတာမဟုတ် ဗုံးဒါမှမဟုတ်တရားမဝင်ပစ္စည်းတွေဖြစ်နေရင်ဘယ်လိုလုပ်မလဲ။နေပါအုံး ဘာလို့စောစော မစဥ်း မိတာပါလိမ့် အကိုဟန်မှာထားဖြစ်လိမ့်မယ် မင်းမလဲတုံးချက်ပဲနှိုင်းနေနိုင်ရေ။ ဟင်းဟင်းအကိုဟန်မှာထားဆိုတော့လဲ။

ဖွင့်ကြည့်ရတာပေါ့ လာထားပါဆယ် အာဘွား...

ပြုံးစိစိဖြင့် ပါဆယ်ဗူးကိုဖွင့်နေသောနှိုင်းနေနိုင်ရုပ်သွင်မှာသိလိုစိတ်နှင့် စလိုဟန်အပြည့်၊၊
ပါဆယ်ဘူးလေးမှာ နှိုင်းနေနိုင်လက်ချက်ဖြင့် အစစဖြစ်၍နေရာအနှံ့ပွစာကျဲလို့။

ပါဆယ်ဗူးမှာပါသည်မှာ စာအိပ်အညိုပုတ်ရောင် တစ်အိတ်သာ စာအိတ်လေးမှာသေးငယ်သောလည်း ဖောင်းပြည့်လျက် မဆံ့မပြဲထည့်ထားတယ်ဆိုတာသိသာချက်။

"ခွင့်လွှတ်ခြင်းတွေ မကျော်လွန်ခင်(သို့မဟုတ်)ပျက်ပြယ်ကုန်ပြီလားကတိသစ္စာရယ်"Where stories live. Discover now