part_3

298 59 26
                                    

အပိုင်း_၃

........

ထမင်းစားချိန်ကန်တင်းမှာထိုင်ကြရင်း ‌ဂျီဟွန်းကခပ်မြန်မြန်စားပြီး အတန်းထဲပြန်သွားအိပ်သည်။ ထို့ကြောင့် ၀န်ဝူးက ဘေးကဂျောင်ဟန်အား လက်တို့၍ မေး၏။

"သူတို့ ပြန်တည့်သွားပြီလား.."

"မင်းမမြင်ဘူးလား စကားမပြောတာ"

"အရင်ကလည်း အဲ့လိုပဲမဟုတ်ဘူးလား.."

"ကျစ်!."

ဂျောင်ဟန်မျက်လုံးအသာမှိတ်ကာ တိုးတိုးသာသာနေဖို့အချက်ပြလိုက်သည်။ ဂျောင်၀န်ဝူးဆိုသည်မှာ အကောင်လိုက်ပြရင်တောင် အ‌ရိပ်မမြင်တဲ့လူမျိုး။

"ဟိုရှီရား..ညနေကျ ဟျောင်းအတန်းဖော်တွေနဲ့ချိန်းထားတာရှိလို့ ဂျီဟွန်းကိုခေါ်ပြီး အစောပြန်နှင့်မလား"

ဂျောင်ဟန့်အသံကြောင့် ဟိုရှီက စားနေရာမှ ခေါင်းဖော်လာပြီး တစ်ဖန် ခေါင်းပြန်ငုံ့သွားသည်။

"အင်း .။ ၀န်ဝူးရော ငါနဲ့အတူပြန်မှာမလား"

"ငါရော...အား!.."

၀န်ဝူးမဖြေခင် ဂျောင်ဟန်အောက်ကနေ ဆွဲဆိတ်လိုက်တာမို့ မဲ့ရှုံ့သွားကာ ဂျောင်ဟန်ကဆက်ပြီး.

"၀န်ဝူးကလည်း ငါနဲ့လိုက်မှာ သူဘောလုံးကန်ချင်တယ်ဆိုလို့ "

"ဟျောင်း ကျွန်တော် ဘောလုံးမကန်တတ်...အား!အ ကန်တတ်တယ် ကန်တတ်တယ် .."

‌ယွန်ဂျောင်ဟန်၏ လက်ဆိပ်တက်၍သာ ၀န်ဝူးပေါင်တွေ ပုပ်သွားမယ်ဆို အနံ့တောင်ထွက်နေလောက်ပြီဖြစ်သည်။ အဲ့သည်လောက်ထိ ဂျောင်ဟန်၏ လက်စက ပြင်းလှ၏။

ဤသို့ဖြင့် ကျောင်းဆင်းတော့ ဟိုရှီ လွယ်အိတ်ကို ပခုံးပေါ်တင်ကိုင်ရင်း လက်တစ်ဖက်က ဘောင်းဘီအိတ်ကပ်ထဲနှိုက်၍ ပြန်လာခဲ့သည်။ နောက်ဆုံးချိန်က သမိုင်းချိန်မို့ သမိုင်းကြောင်းကို စိတ်၀င်စားလွန်းတဲ့လီဂျီဟွန်းတစ်ယောက် သက်စွန့်ဆံဖျား အိပ်တက်လာလိုက်တာ ကျောင်းဆင်းတဲ့ထိ အိပ်ချင်မပြေသေးတဲ့ပုံပေ။

ကျောင်းဆင်းချိန်ဖြစ်တာကြောင့် အနောက်ရပ်ကနေ နေကမျက်နှာတည့်တည့်ကိုထိုးနေသဖြင့် ဟိုရှီက မျက်မှောင်ကျုတ်လျှက်..

ခိုလှံုရာ လက်ခုပ်မိုးလေးWhere stories live. Discover now