3

207 17 2
                                    

"ဟမ်....မင်းတစ်ကယ်ပြောတာလား ဖို့စ်"

"တစ်ကယ်ပါဆို "

"ဒါနဲ့မင်းဘယ်လိုပြန်ပြောလဲ မင်းလက်မခံဘူးလာ"

"ရုတ်တရက်ကြီးဆန်တာမလား ကျတော်လဲတွေးဝေတာပေါ့ဗျ"

"ဟာ....ဖို့စ် ရာဒီလိုအခွင့်အရေးကိုလက်မလွတ်သင့်ဘူးလေ ကွာ"

"အကိုသာဆိုရင်ရော ဘယ်လိုဆုံးဖြတ်မှာလဲ"

"သေချာပေါက် ပေါ့ လက်ခံလိုက်မှာ ဒီလိုအခွင့်ကောင်းကို မရဘူးလေ"

"အဲလိုလား ဒါနဲ့ကျတော် လက်ခံသင့်လား"

"ဒါပေါ့ လက်ခံသင့်တာပေါ့ မင်းဘဝကိုလဲပြောင်းပေးမယ် မင်းဘဝအသစ်ပါစရမယ်လေ တွေးကြည့် ဘယ်လောက်တော့ကောင်းတဲ့အခွင့်အရေးလဲ"

"အမ်...ကျတော်စဉ်းစားလိုက်မယ်"

ဖို့စ်တစ်ယောက် မာန်နေဂျာအန်င်ကသူ့ကိုအနုပညာအလုပ်ထဲသူ(ဖို့စ်)ကိုခေါ်တာကိုသူသိတဲ့အကို ကိုပြောပြနေသည်။

အကိုကလဲလုပ်သင့်တယ်ဒီလိုအခွင့်အရေးကနှစ်ခါမရဘူးဆိုပြီးပွစိပွစိလဲပြောသေးတဲ့တကယ်ကိုအားကိုးရတယ်အကိုကြီးဖြစ်နေတယ်။

______________________________________

'ဟင်'

အခန်းထဲမှာကဒ်ကိုကြည့်ပြီးသက်ပြင်းခနခနချနေတဲ့ ဖို့စ် သူဆက်သွယ်ရမလား မဆက်သွားရလားတွေးဝေနေသည်။

ဘာပဲဖြစ်ဖြစ်ကွာ အကိုပြောသလိုမျိုး ဒီလိုအခွင့်အရေးကနှစ်ခါမရဘူးဆိုတော့ဆက်သွယ်လိုက်သည်။

'တူးးးးတူးးးးးးတူးးးး'

ဖုန်းဝင်နေလဲ အဲအမကဖုန်းမကိုင်သေးပါသူမအားဘူးထင်တယ် ချတော့မယ်အလုပ်။

တစ်ဖက်က

(ဟယ်လို)

"အ.....အမ....ကျ...ကျတော်ပါ"

(အော်....သိပြီးးးးဒါနဲ့ဘယ်မှာတွေ့ကြမလဲ ကော်ဖီဆိုင်မှာနော် အမလိပ်စာပို့ပေးမယ်)

"အ.....ဟု.....ဟုတ် "

ဖုန်းချပြီးအမအန်င်ချိန်းထားတဲ့ကော်ဖီဆိုင်ကိုသွားဖို့ပြင်ဆင်လိုက်သည်။

မင်းကို ငါမုန်းသည်   🥀🥀🥀Where stories live. Discover now