When you were alive...

188 13 3
                                    

သတိ ! ကော်ဖီကြိုက်သူများအတွက်သာ...

ကျွန်တော်တို့ဘဝမှာ တစ်စုံတစ်ယောက်ကို ချစ်ဖူးကြမှာပါ။ အချစ်ဆိုတာကို သူနဲ့ကျမှ သိလာတာမျိုးလေ။ အဲ့လို လူတစ်ယောက် ခင်ဗျားတို့ရဲ့ဘဝမှာ ရှိလား?

ကျွန်တော့်အတွက်တော့ အဲ့လိုမျိုး တစ်စုံတစ်ယောက် 'ရှိခဲ့ဖူးပါတယ်'။ အစ်ကိုက ကျွန်တော့်ဘဝမှာ ပထမဦးဆုံး ချစ်ခဲ့မိတဲ့ လူတစ်ယောက်ဖြစ်သလို သက်ထက်ဆုံးထိတိုင်အောင်လည်း ဆက်ချစ်သွားနေမိမယ့် တစ်ယောက်သောသူလည်း ဖြစ်ပါတယ်။

ကျွန်တော် 'ရှိခဲ့ဖူးပါတယ်' လို့ကို သေချာပေါက် ပြောခဲ့ပါတယ်နော်။ အစ်ကိုက ကျွန်တော့်ရဲ့ အတိတ်တွေထဲမှာပဲ တည်ရှိခဲ့လေခြင်းလို့ ဆိုလိုတာပါ။ ဒါပေမယ့် အစ်ကိုဟာ ကျွန်တော့်ကို အချစ်‌ဆိုတဲ့ အရာကို ခံစားနားလည်စေခဲ့တာ။ ပြီးတော့ အချစ်ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အလွမ်း‌ကိုတော့ ကျွန်တော်ကိုယ်တိုင် အဖြေရှာရမယ့် ပုစ္ဆာတစ်ပုဒ်အနေနဲ့ ထားရစ်ချန်ခဲ့ကာ ကျွန်တော့်ဘဝထဲကနေ ထွက်သွားခဲ့တာပါ။

ချွတ်ယွင်းမှုတွေ အတိုင်းသားနဲ့ ကျွန်တော့်ရဲ့ ပုံပြင်လေးဟာ လှပခဲ့ပါတယ်။ ဇာတ်သိမ်းလေး မလှပခဲ့လေခြင်းက လွဲရင်ပေါ့...။

အရင်ဦးဆုံး ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့်နာမည်ကတော့ ရှင်းမ်ဂျယ်ယွန်းပါ။ Jake လို့ အတိုကောက် ခေါ်လဲ ရပါတယ်။

အစ်ကိုနဲ့ကျွန်တော် ပထမဦးဆုံး တွေ့ခဲ့တာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကပေါ့။ အဲ့တုန်းက ကျွန်တော်ကတော့ လောလောလတ်လတ်မှာပဲ အထက်တန်းပြီးထားတဲ့ 19 နှစ်ယောက်အရွယ် ကောင်လေးတစ်ယောက်ပေါ့။ ပြီးတော့ အခုမှ တက္ကသိုလ်စတက်မဲ့ ပထမနှစ် junior လေးပေါ့။ အဲ့တုန်းက အစ်ကိုကတော့ တတိယနှစ် စီနီယာ အစ်ကိုကြီး‌တစ်ယောက်ပေါ့။

အစ်ကို့အကြောင်းကို ပြောရမယ်ဆိုရင်...

အစ်ကို့နာမည်က အီဟီဆွန်းတဲ့။ အဲ့တုန်းကဆို အစ်ကိုက ရုပ်ချောရေလျှံပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လည်းဖြစ်တဲ့ uni ရဲ့ king တစ်ယောက်ပေါ့။ အစ်ကိုက စာတော်ပြီး အမှတ်တွေလည်းကောင်းသလို အားကစားမှာလည်း ထူးချွန်သေးတယ်။ ဒီတိုင်း အစစအရာရာမှာ ပြီးပြည့်စုံနေတဲ့ လူတစ်ယောက်ပေါ့ အစ်ကိုက။

When you were alive... (One Shot)Where stories live. Discover now