17

320 68 6
                                    

[Unicode]

"အာ...ဟုတ်ပါပြီ"

ကိုယ့်ဘာသာပြန်မည်ဟု ဆိုသော မင်လုချွမ်း၏ စကားကြောင့် မင်စီယန်းက နည်းနည်းစိတ်ပျက်သွားပုံပေါ်သော်လည်း မကြာလိုက်ပါ။ နှုတ်ခမ်းထက် အပြုံးဆင်လိုက်ရင်း

"ဒါဆို ဒီည တွေ့ကြမယ်နော်"

ထို့နောက် မင်စီယန်းက ရှဝမ်နန်ကို လက်ပြနှုတ်ဆက်ပြီး မင်လုချွမ်း၏ရုံးခန်းထဲကနေ ထွက်သွားခဲ့သည်။ ကိုယ်နှင့်ကွက်တိကျအောင် ဝတ်ထားသော suit ကြောင့် မင်စီယန်း၏သွယ်လျသော အချိုးအစားမှာ ထင်းနေလျက်။ ခပ်တိုတိုနှင့် နက်မှောင်တောက်ပြောင်နေသော ဆံပင်အောက်တွင် ဖြူလွသော ကုပ်ပိုးထက်၌ အမြင်အာရုံကို ဖမ်းစားနိုင်သော ပျံဝဲတော့မည့်ဟန် လိပ်ပြာပုံတက်တူးက နေရာယူထားလေသည်။

မင်စီယန်း ထွက်သွားအပြီး ရုံးခန်းတံခါးမှာ သေချာ လုံခြုံအောင် ပိတ်သွားသည့်နောက်မှာမှ ရှဝမ်နန် မင်လုချွမ်းကို ခပ်တိုးတိုးပြောလိုက်သည်။

"မင်းညီလေးက gland ပေါ်မှာ တက်တူးထိုးထားတာ...တအားနာမှာပဲနော်"

"ကိုယ် ဘယ်လိုလုပ်သိမလဲ"

ရှဝမ်နန်က ထူးဆန်းသလိုကြည့်လိုက်ပြီး

"မင်းက အယ်လ်ဖာ မဟုတ်ဘူးလား"

"ကိုယ့်မှာ တက်တူးမှမရှိတာ"

အင်းပါဟု ရှဝမ်နန် တွေးမိပြီးမှ မင်စီယန်းရောက်မလာခင် သူတို့ပြောနေခဲ့သော အကြောင်းအရာသို့ အတွေးများ ခုန်ကူးသွားသဖြင့် တစ်ကိုယ်လုံး တောင့်တင်းသွားရတော့၏။ သူ မင်လုချွမ်း၏ အင်္ကျီကော်လာကို လှမ်းဆွဲရင်း တစ်လုံးချင်း ဖြည်းညင်းစွာ ပီပီသသပြောလိုက်သည်-

"ငါ့ တင်ပါး မှာ ဘာ မှဲ့ မှ မ ရှိ ဘူး"

စစချင်း မင်လုချွမ်းက နှုတ်ဆိတ်စွာ သူ့ကို မျက်လွှာချ၍ကြည့်လိုက်ပြီး၊ ထို့နောက်တွင်မူ ကော်လာပေါ်မှ ရှဝမ်နန်၏လက်ကို ဆုပ်ကိုင်၍ ဆွဲဖယ်လိုက်ရင်း နှုတ်ခမ်းစွန်းများ ကွေးသွားခဲ့သည်-

"မင်း ပြောတဲ့အတိုင်းပဲပေါ့"

"ဘာကို ဆိုလိုပြန်တာလဲ"

နောက်ပြန်လှည့်ရန် လမ်းမရှိ || ဘာသာပြန်Where stories live. Discover now