1

1.2K 97 37
                                    

Unicode

Gym ရှေ့ကားပါကင်ထိုးနေစဉ်ကတည်းက ကြားနေရတဲ့ အချေအတင်စကားပြောသံတွေဘက် လှမ်းကြည့်လိုက်တော့ Gym အဝင်တံခါးပေါက်ဘေးက အုတ်နံရံရှေ့ ရန်ဖြစ်နေကြတဲ့ စုံတွဲတစ်တွဲကိုတွေ့ရသည်။ ယောက်ျားဖြစ်သူ၏ပါးစပ်က အားပါးတရ ကြမ်းကြမ်းတမ်းတမ်းပြောဆိုနေပေမယ့် တစ်ဖက်ကမိန်းကလေးကိုတော့ ဘာမှဝင်မပြောစေဘဲ "နင့်စောက်ပါးစပ်ပိတ်ထား" ဟူသည့်စကားကိုအကြိမ်ကြိမ်ပြောရင်း နားထင်ကို ‌လက်ညိုးနှင့် ဆောင့်ဆောင့်တွန်းနေ၏။

Gym အိတ်ကို ပုခုံးပေါ်လွယ်လျက် ကားပေါ်ကဆင်းရင်းနှင့် ထိုမြင်ကွင်းကိုလည်း စပ်စပ်စုစုကြည့်သည့်ပုံမပေါက်စေဘဲ Chanyeol နားစွင့်မိသည်။ ပေါ့ပေါ့ပါးပါးဒူးဖုံးအားကစားဘောင်းဘီအိတ်ကပ်ထဲရှိဖုန်းကိုထုတ်ပြီး Gym buddy တွေရှိသည့်ဂရုချက်ထဲ စာအနည်းငယ်ရိုက်ပို့နေတော့ ထိုစုံတွဲရဲ့အသံပလံတွေကလည်း မကြားချင်တောင် ကြားနေရတာပဲဖြစ်၏။

"ငါ့ဘာသာငါပြန်ချင်ရင်ပြန်လာမယ် မလာချင်မလာဘူးပေါ့ နင့်မိဘပိုက်ဆံ သိန်း (၂၀၀) လောက်ကိုငါကပြန်မပေးနိုင်ဘူးထင်နေတာလား"

"အောင်မာ နင့်မှာအခုတောင်အဲ့ပိုက်ဆံရှိလို့လား အလေနက်တောလျှောက်သွားပြီး သူဌေးတွေကြား သူဌေးဟန်လိုက်ဆောင်တာနဲ့ကုန်ကုန်ပြီလေ ကိုယ့်အဆင့်ကိုယ်မသိဘူး"

"ကောင်မ နင်ငါ့ကိုလိုက်ချောင်းကြည့်နေတာလား ဟမ် နင်တို့အဲ့လောက်ပိုက်ဆံကိုအခုမှမြင်ဖူးကိုင်ဖူးကြလို့အဲ့လောက်ဖြစ်နေတာလား"

"အဲ့တာနင့်ပြောရမှာဟဲ့ ငါ့မိဘပိုက်ဆံငါပြန်လိုချင်တယ် နင်ဘာမကောင်းတာတွေလုပ်ပစ်ပစ် ငါစိတ်မဝင်စားဘူး ငါ့ကိုတစ်ပတ်အတွင်းပြန်ပေး ကွာလည်းကွာရှင်းပေး"

"ကျစ် ငါ! ဖြတ်ရိုက်ပစ်လိုက်ရ မျိုးကန်းဦးမယ်"

"လုပ်ရဲလုပ်ကြည့်လိုက်လေ!"

ယောက်ျားဖြစ်သူက အသီးနှံအနည်းငယ်ဝယ်လာသည့်အမျိုးသမီးကိုဆောင့်တွန်းလိုက်တော့ ဟန်ချက်ပျက်ပစ်လဲကျသွားကာ အိတ်ထဲရှိခရမ်း‌ချဉ်သီးများ မြေပေါ်လိမ့်ဆင်းလာကြသည်။ ထို့နောက် မီးလိုဒေါသများပိုတောက်ကုန်ကြပြီး အမျိုးသမီးက တုန်တုန်ရီရီဖြင့် အော်ဟစ်ရိုက်နှက်နေသောတစ်ဖက်ကယောက်ျားကို အားရှိသလောက် ပြန်ထုရိုက်တော့၏။ သို့သော် သူမ တစ်ချက်ရိုက်ရင် အမျိုးသားက နှစ်ချက်ပြန်ထုရိုက်ကာ အခြေအနေမှာ လွန်စွာစက်ဆုပ်စရာကောင်းလာ၏။

Paradis sur terre : My Modern HusbandWhere stories live. Discover now