4

277 46 9
                                    

Unicode

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Unicode

June လအကုန် July လအစမှာ သူတို့အိမ်ကို အကူတွေ စရောက်လာသည်။ Park အိမ်ကအထွေးဆုံးလေးကိုထိန်းပေးခဲ့တဲ့အစ်မက အကြောင်းအမျိုးမျိုးကြောင့် ဆက်မရှိနိုင်တော့လည်း တစ်အိမ်လုံးရဲ့လိုအပ်တဲ့စီမံခန့်ခွဲမှုလေးတွေကို ယုံယုံကြည်ကြည် လက်လွှဲအားကိုးလို့ရမယ့် အကူတွေကို သူတို့နှစ်ယောက်ကိုယ်တိုင် အချိန်ပေးတွေ့ဆုံပြီးခန့်အပ်ခဲ့ရာ ကောင်မလေးတစ်ယောက်ကတော့ Chanyeol ဖခင်အိမ်ကပြောင်းရွှေ့လုပ်သားဖြစ်၏။ ယောက္ခထီးဖြစ်သူရဲ့ ‌ရွှန်းရွှန်းဝေဝေချီးကျူးထောက်ခံမှုတို့ကြောင့် ကိုကိုတစ်ယောက် ဘာမှမစဉ်းစားဘဲ တန်းခန့်လိုက်တာကိုလည်း Baekhyun ဝင်မတားဖြစ်။ အခုမှကလေးစရတာလည်းမဟုတ်၊ အခုမှမွေးဖူးတဲ့လူလည်းမဟုတ်နဲ့ အဲ့လောက်မပူပါနဲ့လို့ပြောနေလည်း ကိုကို သူ့ကို ဒါတော့အလျှော့မပေးချေ။
Baekhyunee ဆိုင်အတွက်လို့ရည်ရွယ်ထားတဲ့ လေလံအောင်ထားတာကြာလှပြီဖြစ်သော Seoul မြို့လည်ခေါင်က မြေနေရာကောင်းကြီးနဲ့ Paris က Building အပါ အဆောက်အဦးပြုပြင်ရေးနှစ်ခုစလုံးကို အင်ဂျင်နီယာတွေနဲ့ပဲအပ်ထားပြီး သူ့ကိုတော့ ဝင်မပါနဲ့ဟုသာ အပြတ်သတ်အမိန့်ထုတ်ထားသည်။ လုပ်ငန်းတစ်ခုဆိုတာ နေ့ချင်းညချင်း လည်းဖြစ်မလာနိုင်တဲ့အတူတူ စည်းစနစ်ကျကျနဲ့ စတင်လည်ပတ်နိုင်ဖို့ အချိန်တွေအများကြီးယူပြီး ပြင်ဆင်ရမှာမို့ Baekhyun အိပ်မက်ကလေးကတော့ အကောင်အထည်ဖော်နေဆဲအချိန်ကာလမှာ တရွေ့ရွေ့တိုးတက်စွာ။ သားသားလား မီးမီးလား မသိရသေးတဲ့ ကိုကိုခွင့်ပြုဆဲအချိန်မှာ သူလည်းပဲ Online Course ဆက်တက်ရင်း ရတုန်းလေးတော့ လုပ်လို့ရသမျှအကုန် လုပ်နေသေးသည်။ Business တစ်ခုစတင်လုပ်ကိုင်မယ်ဆို အဆက်အသွယ်က အဓိကကျတယ်ဆိုတာ ဧကန်အမှန်ဖြစ်သည်။ "folklore" ရဲ့အခွဲလို့ပြောလို့ရတဲ့ သူ့လုပ်ငန်းသစ်အတွက် ပံ့ပိုးမှုတွေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေရဲ့တစ်ဝက်လောက်က နှစ်ယောက်လုံးနဲ့ခင်တဲ့ ကိုကို့အဆက်အသွယ် စီးပွားရေးသမားတွေဖြစ်ပြီး စပ်တူရှယ်ယာကိုင်တွေထဲ၌ နိုင်ငံ့ထိပ်သီးပိုင်းကပုဂ္ဂိုလ်တွေပါ ပါသည်။

You've reached the end of published parts.

⏰ Last updated: Oct 07 ⏰

Add this story to your Library to get notified about new parts!

Paradis sur terre : My Modern HusbandWhere stories live. Discover now