3

432 85 26
                                    

"ဟေး ဟေး ပြောတာနားထောင်ဦး ဒီဟာကတစ်ကြောင်းထဲပေါ်နေတာမှမဟုတ်တာ"

"ကိုကို အဲ့တာကတစ်ကြောင်းထဲပါ"

Chanyeol သူနဲ့မျက်နှာချင်းမဆိုင်ဘဲ ဟိုသွားဒီသွားနဲ့ ကလေးတွေအတွက် မနက်စာပြင်မယ်လုပ်နေသော Ivy Park ရဲ့အနောက်ကနေ တကောက်ကောက်လိုက်ကာသာ စကားပြောနေရသည်။ ပြောရင်းလည်းမောလာချေပြီ။
Ivy က တစ်စက်ကလေးမှသူ့စကားကိုလက်ခံမနေဘူး။ လေသံသေးသေး ပုံမှန်မျက်နှာထားနဲ့ ဘာမှမဟုတ်တဲ့ morning conversation တစ်ခုလိုပဲ။ ဆိုပေမယ့် သူ့အတွက်ကတော့ အဲ့တာထက်ပိုတယ်။

"ဒါက သိပ်မကြာသေးလို့မှိန်မှိန်လေးပဲပေါ်နေတာခေါ်တယ် မင်းပိုသေချာချင်ရင် နောက်ထပ် ၂ ပတ်လောက်နေထပ်စစ်ကြည့်‌လေ ထင်းနေမှာ"

Chanyeol ဒူပေပေလုပ်နေတဲ့ကောင်လေးကို စိတ်မရှည်တော့သည့်ဟန် လက်ထဲကဆီးစစ်တံကို ကိုင်မြှောက်ပြောပြီးနောက် လွှင့်မပစ်ဘဲ အိတ်ကပ်ထဲထည့်ယူသွားတော့သည်။

"ကိုယ်ကတော့ဒါကိုသိမ်းထားရလိမ့်မယ်"

ထို့နောက်

Kitchen area ထဲဝယ် တစ်ယောက်ထဲကျန်ခဲ့ပြီး Baekhyun သည် လုပ်လက်စမနက်စာကိုသာ ဆက်လုပ်နေခဲ့သည်။ အပေါ်ထပ်လိုက်သွားပြီး စကားဆက်ပြောချင်သော်ငြား သူ့စိတ်ကနှစ်ခွဖြစ်နေတုန်း။ စိတ်က ကိုကို့ဆီမှာဆိုပေမယ့် ကိုယ်ကတော့ ကလေးနှစ်ယောက်အတွက် မနက်စာအချိန်မှီရဖို့ပဲ ဦးစားပေးမိသည်။

မနက်ကမှ စစ်ဖြစ်သွားတဲ့ Test အတံကို သတိလက်လွတ်ပစ်ချခဲ့မိတဲ့သူ့အမှားပါပဲ။
ကိုကိုစိတ်ဆိုးသွားပြီလားတော့မပြောတတ်ပေ။ ရည်းစားဘဝကစ ကလေးနှစ်ယောက်ရတဲ့အထိ စိတ်ဆိုးတယ်ဆိုရင်တောင် ဘယ်တော့မှစကားကျယ်ကျယ်၊ စကားကြမ်းကြမ်းမပြောတတ်တဲ့ကိုကိုက Baekhyun ကို ပိုပြီးမနေတတ်ဖြစ်စေပါသည်။

________________

ဆေးရုံကပြန်လာပြီးကတည်းက မျက်နှာအရောင်ပြောင်းနေတဲ့ဆံရှည်လေးကို Chanyeol အပြစ်မတင်လိုပေမယ့် အားမလိုအားမရလည်းဖြစ်မိသည်။ သားသားကို သူ့ပေါင်ပေါ်ပဲတင်ထားပြီး အစားသေချာကျွေးတယ်၊ သားက သူဘာသာကိုင်စားချင်ကြောင်း တအမ်းအမ်းလုပ်ပြမှ ထိုင်ခုံမှာနေရာချပြီး ကော်ဇွန်းလေးတွေတပ်ပေးတယ်၊ သမီးကတော့ဘာမှမပြောဘူးဆိုပေမယ့် မနက်စာဝိုင်းဖွဲ့စားချိန်အထိ သူကတော့ တလှုပ်လှုပ်စားနေတဲ့ကောင်လေးကို ခဏခဏလှမ်းကြည့်နေရသည်။

Paradis sur terre : My Modern HusbandWhere stories live. Discover now