Arc(2.20)Final

221 12 4
                                    

(Unicode)

"သူရိန်"

တနင်္ဂနွေထူးကသူရိန်နာမည်ခေါ်ပြီး အကြောင်သားရပ်နေတာမလို့ ပွဲကြည့်ဖို့စဥ်းစားထားတဲ့ကံဆူးကပဲ အကြံကိုဖြတ်ပြီးစကားစရပါတော့တယ်။

"ဦးရိန်...ကျွန်တော်ကဦးရိန်ကို ဖိတ်စာပို့မလို့လုပ်ပင်မဲ့ ဦးရိန်ဘယ်မှာနေလည်းသေချာလည်းမသိတော့ စိတ်ထဲကပဲဖိတ်လိုက်တာပါစိတ်မဆိုးဘူးဟုတ်ဦးရိန်"

"အိုး....စိတ်မဆိုးပါဘူးကွာ...အခုရောက်လာရတာလည်း
အချို့အကြောင်းပြောပြမလို့လေ...ဒီအကြောင်းကိုဒီလောက်
မြန်မြန်ပြောရမယ်တောင်မထင်ထားဘူး အထူးသဖြင့် မင်းနဲ့ငထူးတို့ လက်ထက်ပွဲတောင်ရှိချင်မှာရှိလာမှာလို့ တွေးခဲ့မိသေးတာ"

(ဒီဦး​​လေး​ကြီးကဘာပြောစရာရှိသေးပြန်ပြီးတုန်းဟ!
သူများတွေမင်္ဂလာပွဲတောင် ရှိချင်မှာရှိလာမှာလို့တောင် ပြောရဲသေးတယ် သူများတွေမင်္ဂလာယူနေတာကို တကယ်ကိုပဲလက်ပေါက်ကပ်သူကြီးပဲ)

(နော်နော်နော်.....သူများတွေမင်္ဂလာဆောင်ပြီး ဇာတ်လမ်းကိုအဆုံးသတ်နေပြီးကို အေးဆေးလေးပေးမနေစေချင်ဘူးလားမသိဘူးပါးရယ်)

(ဟုတ်ပ့)

ကံဆူး ရိပ်နဲ့အတင်းတုတ်နေတုန်းမှာပဲ တနင်္ဂနွေထူးကသူရိန်စကားကိုခွန်သုတ်ပြန်လိုက်တော့တယ်။

"မင်းပြောစရာရှိသေးရင်စောင့်နေပေါ့ မင်းလည်းလူလယ်ခေါင်းမှာ အဲ့စကားတွေပြောချင်မှာမဟုတ်ဘူးမလား"

"ငထူးမင်းကအမြဲငါအကြောင်းကိုသိတာပဲ
အဟား...အဲ့ဆိုငါစောင့်နေမယ်"

သူရိန်ကပြောပြီး မင်္ဂလာပွဲရဲ့ထောင့်တစ်နေရာမှာ သွားထိုင်နေလိုက်တော့တယ်။

သူလုပ်ရပ်အစအဆုံးကိုကြည့်ပြီး ကံထူးမြိုင်အနောက်မှာဆူးငယ်က သူ့သားနဲ့သူသူ့ငယ်ချင်းသမက်ဆီသို့သွားလိုက်ပြီး။

"သားငယ်နဲ့သူရိန်ကဘယ်လိုသိတာလည်း
နောက်ပြီးသူဘာတွေပြောသွားတာလည်း"

သူမမေးလိုက်ရုံရှိသေးသူမနဲ့အတူပါလာတဲ့ကံထူးမြိုင်မှာ

"သူကိုဘာလို့လာခွင့်ပြုတာလည်းသူနဲ့ဒီမင်္ဂလာပွဲကမသက်ဆိုင်ဘူးလေ'ငထူး'"

Baby SystemWhere stories live. Discover now