Baby System

4.9K 169 14
                                    

(Unicode)

"သားရေ~~သားရေထပါအုံး
သားမထရင်ပါးသားကိုရိုက်မှာနော်''

''ဦး..လုပ်ပါအုံးသားကမထလာဘူးလုပ်ပါအုံး''

'ဝေလင်းဖြိုး'တစ်ယောက်လှေကားနားမှာသွေးတွေနဲ့လှဲနေတဲ့
သူသားငယ်လေးကိုဖက်ကာသူယောက်ကျားဖြစ်သူ
'ဦးမင်းသန့်ရှင်းမောင်'ကိုပြောလိုက်တယ်

"စိတ်ကိုလျော့နော်ငယ်...သားကိုဆေးရုံပို့ရမယ်လေ"

"ဟုတ်တယ်ဆေးရုံပို့ရမယ်....ဦးကားထုတ်သွားမယ်"

သူတို့နှစ်ယောက်ထွက်သွားတော့သူတို့ကိုပြုံးကာကြည့်နေတဲ့
အမျိုးသမီးတစ်ဦး''မောင်....မောင်ရဲ့နှောင်းကြိုးဖြစ်တဲ့မောင်သားကိုမသတ်လိုက်ပြီးမနဲ့လက်ထက်ရမယ်နော်မောင်"

သူမ...ထွက်သွားတဲ့သူမချစ်ရတဲ့ကောင်လေးနဲ့ထိုကောင်လေးရဲ့လင်ယောက်ကျားကိုကြည့်ပြီးရေရွတ်လိုက်သည်

Aဆေးရုံကြီး၌....

ခွဲစိတ်ခန်းတစ်ခုရဲ့အရှေ့၌...

"ငယ်..မငိုရဘူးလေသားကသန်မာတယ်လေဘာမှာဖြစ်မှာမဟုတ်ပါဘူးမငိုရဘူးနော်"

"ဦး...သားလေးသားလေးကသွေးတွေအများကြီးဘဲသားကဘယ်လောက်နှိုးနှိုးမထဘူးဦးရဲ့"

မင်းသန့်ရှင်းမောင်စဥ်းစားမိသည်သူတို့အိမ်မှာ
သူရယ်ငယ်ရယ်သားငယ်ရယ်ဝမ်းကွဲညီမရယ်ဘဲရှိတာလေ

သားငယ်ကဘာလို့လှေကားကပြုတ်ကျရတာလည်း
မတော်တဆခြေချော်တာလည်းမဖြစ်နိုင်ဘူးလေသားငယ်ကဘယ်တော့မှာ​နမော်နမဲ့မနိုင်ဘူးလေ

သူတွေးနေတုန်းသူတို့သားငယ်ခွဲစိတ်ရတဲ့အခန်းတံခါးပွင့်လာတယ်

"ဆရာ..ဆရာသားငယ် သားငယ်အခြေနေ..."

ဝေလင်းဖြိုးစကားမဆုံးခင်မှာဘဲကြားလိုက်ရတဲ့စကားကြောင့်သူကမ္ဘာပြတ်သွားတယ်

''စိတ်ကိုခိုင်ခိုင်ထားပါလူနာရှင် ကျွန်တော်တို့အကောင်းဆုံး​ကြိုးစားခဲ့ပါတယ် ကလေးကအသက်မရှိတော့ပါဘူး"

"ခင်ဗျာမလိမ်နဲ့ကျွန်တော်သားအသက်ရှင်သေးတယ်ဗျာ!"

ဝေလင်းဖြိုးပြောရင်းဆရာဝန်ရဲ့ကုတ်ကိုဆွဲလိုက်ကာပြောလိုက်သည်။

Baby SystemWhere stories live. Discover now