Part 1

87 12 0
                                    

တကယ်ကို မထင်ထားခဲ့ဘူး သိလား။
အဲဒီ ဓာတုပစ္စည်းတွေနဲ့ မထိတွေ့ချင်လို့ဆို မိတ်ကပ်တောင် မလိမ်းတဲ့ အမျိုးသမီးက ဆေးလိပ်သောက်တယ်တဲ့လား။

ပန်းခြံပေါ်က ခုံတန်းရှည်တစ်ခုမှာ တစ်ယောက်တည်း အေးအေးဆေးဆေး စီးကရက်ငွေ့တွေ ဖွာထုတ်နေတဲ့
မယ်ရီနာ ကို မြင်ရတာဟာ မယုံနိုင်စရာပဲ။
ဒီနေ့က ပိတ်ရက်ဆိုတာ့ ပန်းခြံထဲမှာ လူတွေ ခါတိုင်းထက်
ပိုစည်နေသလိုပဲ။
ကလေးသေးသေးကလေး တွေက လွတ်လွတ်လပ်လပ်ပြေးလွှားဆော့ကစားနေကြပြီး အသက်အရွယ်နှောင်းပိုင်း
လူကြီးတွေကလည်း အေးအေးလူလူထိုင်ပြီး စကား
စမြည်ပြောကြ၊ လမ်းလျှောက်ကြနဲ့ပေါ့။
အချို့က သားသမီးတွေနဲ့ အတူလာတဲ့ပုံပေါ်ပေမယ့် အချို့ကတော့ တစ်ယောက်တည်း အေးအေးသက်သာ အညောင်းအညာပြေ လမ်းလျှောက်ထွက်လာပုံပါပဲ။

နွေဦးပေါက်စဆိုတော့ ပန်းခြံထဲလမ်းလျှောက်နေတဲ့ လူတွေရဲ့ ဝတ်စုံတွေဟာ ပိုပြီး အရောင်စုံနေသလို။
အသက်ခပ်ကြီးကြီး အဖွားအရွယ် အမျိုးသမီး
တွေဟာ ပန်းဆီရောင်ရင့်ရင့်နဲ့ အပြာရောင်ရင့်ရင့်လို
အရောင်တွေ ဝတ်ထားကြတာမြင်တော့ တစ်ကိုယ်လုံး အနက်ရောင်တွေချည်း ဝတ်လာမိတဲ့ ကိုယ့်ကိုကိုယ် အားမလို အားမရဖြစ်မိသွားပြန်ရော။
ဒီလို နေသာပြီး လှပနေတဲ့ နေ့မျိုးမှာ
အနက်ရောင်အနွေးထည်၊ အနက်ရောင်ဘောင်းဘီနဲ့ တစ်ယောက်တည်း ပန်းခြံထဲမှာ တိတ်တိတ်ဆိတ်ဆိတ်လမ်းလျှောက်နေတာ ကျွန်မပဲရှိမှာဘဲ။

အဓိက ကတော့ ပိတ်ရက်မှာ တစ်ယောက်ထဲပန်းခြံထဲလာပြီး
အထီးကျန်စွာ လမ်းလျှောက်နေတဲ့ ကိုယ့်ပုံစံကို မယ်ရီနာ့ကို
မမြင်စေချင်တာပါပဲလေ။
မယ်ရီနာ့ကို အဝေးကတည်းက လှမ်းမြင်မိပေမယ့် ရှေ့နားလမ်းအကွေ့ကျရင် သူ့ရှေ့ကနေ ဖြတ်လျှောက်သွားရတော့
မယ်။

မယ်ရီနာ (Marina)Where stories live. Discover now