မယ်ရီနာနဲ့ ကျွန်မတို့ဆက်ဆံရေးက လအနည်းငယ် အတွင်းမှာ ဒီလောက်အထိ တိုးတက်လာလိမ့်မည်ဟု ကျွန်မတစ်ခါမှပင် တွေးမကြည့်ခဲ့ဖူးပါ။
ကျွန်မ စားပွဲပေါ်က ဖန်ပန်းအိုးအရှည်ကလေးထဲမှ မယ်ရီနာ လာထားပေးသွားသော အဝါရောင်နှင်းဆီတွေကို ကြည့်ကာ
ကျွန်မပျော်နေမိသည်။မယ်ရီနာက ကျွန်မရဲ့ အလုပ်စားပွဲပန်းအိုးမှာ ပန်းကလေးတွေ ရံဖန်ရံခါ လာစိုက်ထားတတ်သည်။
တစ်ခါတစ်လေ ကျွန်မတို့ ရုံးနားက ဆိုင်ကလေးမှာ ညစာ
အတူစားဖြစ်ကြသည်။
နောက်ပြီး ကျွန်မ ကော်ဖီဝယ်သည့်အခါ မယ်ရီနာ့အတွက်
Matcha latte တစ်ခွက်ကိုပါ ပိုဝယ်တတ်နေခဲ့ပြီ။ဒါ့အပြင် မယ်ရီနာက သူ့အိမ်က ကြောင်မကလေး လူစီရဲ့
ဆိုဖာပေါ်က ပုံကလေးတွေကို ကျွန်မထံ ရံဖန်ရံခါ ပို့တတ်
သည်။
တစ်ခါတစ်လေ လူစီပုံထဲမှာ မယ်ရီနာ့ကိုပါ တွေ့ရတတ်သည်။
လူတစ်ကိုယ်လုံးမဟုတ်သော်လည်း လူစီကို ဖက်ထားတဲ့
မယ်ရီနာရဲ့ လက်တွေဖြစ်ဖြစ်၊ ဆိုဖာပေါ်တင်ထားတဲ့
မယ်ရီနာရဲ့ ခြေထောက်တွေဖြစ်ဖြစ်ပါလာတတ်သည်။
အခုနောက်ပိုင်းဆို မယ်ရီနာက လူစီကိုဖက်ကာ selfie ပုံစံ
ရိုက်ထားသည့် ပုံတွေပါ ပို့လာတတ်တာတွေ့ရသည်။ထိုအခါ ကျွန်မက
"လူစီက ချစ်စရာလေးပဲ" ဟုပြောသည့်အခါ
"တို့ကရော"ဟု မယ်ရီနာက ချက်ချင်းပြန်မေးတတ်ပါသည်။
ထိုအခါ ကျွန်မက "မယ်ရီနာကကျတော့ လှတာ"ဟု ခပ်ချွဲချွဲဖြေလိုက်မှ ကျေနပ်သွားလေ့ရှိသည်။ကျွန်မအရင်က သိထားသည့် မယ်ရီနာဟာ ဒီလို ကလေး
ဆန်ဆန် အပြုအမူအချို့ကို လုပ်တတ်လိမ့်မယ်လို့ ကျွန်မ မထင်ခဲ့မိပါ။
သို့သော် ကျွန်မအထင်နဲ့အမြင်ဟာ လက်တွေ့မှာ ကွဲပြားနေခဲ့သည် ထင်ပါရဲ့။ရုံးကအပြန် သောကြာနေ့ တစ်ညနေမှာ မယ်ရီနာက ကျွန်မကို ပြောစရာရှိသည်ဟု ဆိုလာသည်။
နောက်ကျတော့ ကျွန်မဘာမှ မပြောရသေးခင်မှာပင်
"တော်ပါပြီ သောကြာနေ့ဆိုတော့ မင်းပင်ပန်းနေမှာပဲ၊
စနေနေ့ညနေကျမှ တွေ့ရအောင်" ဟုပြောလာလေသည်။သောကြာနေ့ညက ကျွန်မ တော်တော်နှင့်အိပ်မပျော်ခဲ့ပါ။
မယ်ရီနာက ကျွန်မကို ညစာစားရန် အကြိမ်ကြိမ်ခေါ်ဖူးသော်လည်း အခုတစ်ခေါက်ကတော့ဖြင့် တစ်ခုခုထူးခြားနေသလို ခံစားရသည်။
YOU ARE READING
မယ်ရီနာ (Marina)
Storie d'amoreမယ်ရီနာရဲ့ ဆေးလိပ်ငွေ့တွေမှာ မှော်အစွမ်းများပါနေသလား မသိ။ ကျွန်မမှာ အဲဒီ ထူးခြားတဲ့အမျိုးသမီးဆီကနေ ခပ်ခွါခွါနေဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ခဲ့တာ အခုထိ။