အခုလို မယ်ရီနာ့ကို အလုပ်မှာ တွေ့ရတတ်တဲ့ ရက်တွေဆိုရင်
ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ကျွန်မပိုပြီး စိတ်အားတက်ကြွ
နေတတ်သည်။
မပြီးနိုင်လောက်ဘူးထင်ထားတဲ့ အလုပ်ဖိုင်တွေကို
တည်းဖြတ်တာ တစ်မနက်ထဲမှာတင် ပြီးလုနီးပါးဖြစ်
သွားသည်။၁၂ မခွဲခင်၊ နေ့လည်စာစားချိန်မရောက်ခင် အလုပ်တွေ
လက်စသတ်ဖို့ ကျွန်မတွေးထားခဲ့တာ။
အခုတော့ နောက်ဆုံးဖိုင်တွေ export လုပ်ခါနီးမှ မေးစရာက ပေါ်လာသည်။
အခြား ကြီးကြပ်သူတွေက နေ့လည်စာ စားဖို့ အသီးသီး
ထွက်သွားကြပြီ ဖြစ်သည်။
အခန်းထဲမှာ ကျွန်မနဲ့ အခြားဝန်ထမ်းတွေရယ်၊ ကြီးကြပ်သူဆိုလို့ သောမတ်စ်နဲ့ မယ်ရီနာ နှစ်ယောက်ရယ်သာ ကျန်တော့သည်။
ကျွန်မနဲ့ မလှမ်းမကမ်း စားပွဲမှာ မယ်ရီနာရှိတာ သိနေသည်။
သို့သော် မယ်ရီနာကို မမေးချင်၊ မမေးရဲပါ။
မယ်ရီနာက ကျွန်မအနားကိုလာပြီး ရှင်းပြလျှင်
တထိတ်ထိတ်ခုန်လာမည့် ကိုယ့်နှလုံးခုန်သံကိုယ် ကြားရဖို့
သတ္တိမရှိပါ။
မယ်ရီနာ့ အနားရောက်တာနဲ့ သွေးပျက်ကာ အယောင်ယောင်
အမှားမှားဖြစ်သွားတတ်သည့် ကျွန်မပုံစံကို မယ်ရီနာ့ကို
မမြင်စေချင်ပါ။အဲဒါကြောင့် သောမတ်စ် ကျွန်မတို့အနားရောက်လာသည်အထိ မသိမသာ စောင့်နေလိုက်ဖို့သာ စိတ်ကူးရသည်။
ကွန်ပျူတာ mouse က mouse wheel ကို အပေါ်အောက်
လိမ့်ရင်း၊ ဘာမှ ထပ်ထည့်စရာ မရှိတော့သည့် စာကြောင်းအဆုံးမှာ enter အခါခါခေါက်ရင်း သောမတ်စ်အလာကို စောင့်နေလိုက်မိသည်။ထို့နောက် ကျွန်မနောက်မှ ခပ်ဖွဖွ ချောင်းဟန့်သံတစ်ချက်ကို
ကြားလိုက်ရသည်။
သောမတ်စ် မဟုတ်ပါ။ ကျွန်မကို နေ့လည်စာစားဖို့လာခေါ်သည့် မြန်မာစီနီယာအစ်ကိုလည်း မဟုတ်ပါ။
မယ်ရီနာ...။
ကျွန်မ မတွေ့ရဲလို့ ရှောင်လွှဲနေခဲ့သည့် မယ်ရီနာ။"ဘာမေးစရာရှိနေလို့လဲ" ဟုဆိုကာ ကျွန်မအနားကို
တဖြည်းဖြည်း တိုးကပ်လာသည့် မယ်ရီနာ။
"သောမတ်စ် နေ့လည်စာ စားဖို့ ပြန်ချင်ပြန်တော့လေ" ဟုပါ တစ်ဆက်တည်း သောမတ်စ်ကို ပြန်လွှတ်နေသည့် မယ်ရီနာ။
![](https://img.wattpad.com/cover/370052775-288-k123899.jpg)
YOU ARE READING
မယ်ရီနာ (Marina)
Romanceမယ်ရီနာရဲ့ ဆေးလိပ်ငွေ့တွေမှာ မှော်အစွမ်းများပါနေသလား မသိ။ ကျွန်မမှာ အဲဒီ ထူးခြားတဲ့အမျိုးသမီးဆီကနေ ခပ်ခွါခွါနေဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ခဲ့တာ အခုထိ။