intro part

160 9 8
                                    

-

🤍🌱

* သူနဲ့ ကျွန်တော်ကဖရန့်ဇုန်...!! *

အချိန်တွေအကြာကြီးအတူတူရှိလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အပေါ် အဖြူရောင်ခံစားချက်တွေကိုတစ်ဖက်ထဲကပဲ အရောင်ဆိုးမိပြီး ဖရန့်ဇုန်ကထွက်နိုင်မယ်ဆို ယုံကြလား..? ကျွန်တော့်အတွက်ကတော့ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့ အရာတစ်ခုသာ!

ကျွန်တော့်လို ကိုယ့်သူငယ်ချင်းကိုပြန်သဘောကျနေမိတဲ့ သူအတွက်တော့ ကျူးလစ်ပန်းဝါလေးနဲ့ နေကြာပန်းလေးတွေကို သဘောအကျဆုံးပါပဲ...

ကျူးလစ်ပန်းဝါလေးရဲ့ အဓိပ္ပါယ်က * မျှော်လင့်ခွင့်မရှိတဲ့ တစ်ဖက်သက်ချစ်ခြင်း * ဖြစ်ပြီး နေကြာပန်းလေးကတော့ နေမင်းကြီးရှိတဲ့ဘက်ကိုပဲ မျက်နှာမူသည်မို့လား...?

အဲ့လိုပဲ ကျွန်တော့်အဖြစ်ကလည်း ကိုယ့်သူငယ်ချင်းတစ်ယောက်ကိုပဲ မျှော်လင့်ချက်ချက်မရှိပဲ ဖြစ်လာမည့်ဇာတ်သိမ်းကိုကြိုသိနေပေမယ့် တစ်ဖက်သက်သဘောကျနေမိတာ....
နေကြာပန်းရိုင်းလေးက နေမင်းကြီးရှိတဲ့ဘက်ကိုပဲ မျက်နှာမူသည်ဆို ကျွန်တော်ကလည်း သူရှိတဲ့ဘက်ကိုပဲ မျက်နှာမူ‌နေအုံးမှာပါ....

အမ်းးး ဒါမယ့်...
သူပြောနေကျစကားတစ်ခွန်းကတော့ " You're my best friend " တဲ့...

........

ကျွန်တော့်နာမည်က အီဟယ်ချန်း။ အနုပညာမေဂျာက တတိယနှစ်ကျောင်းသား။ ဘာတွေလုပ်လည်းဆိုရင်တော့ အိပ်တယ် ကျောင်းသွားတယ် ပြန်လာရင် စားစာရာရှိတာစားပြီး အိပ်ရင်အိပ် မအိပ်ရင်ဂိမ်းဆော့တယ်။ စာက‌တော့ စိတ်ပါရင်လုပ်တယ် စိတ်မပါရင် မလုပ်ဘူး..။  အိပ်ရာ၀င်နောက်ကျပြီး မနက်မထနိုင်ရင် မာတာမိခင်နဲ့မွေးသဖခင် ကျေးဇူးရှင်‌ဆီက အဆူခံတယ်  ဒီလောက်ပါပဲ...။   ။  အမ်းးး.... ကျွန်တော့်ဘ၀မှာ လူသုံးယောက်ဆီကလွှဲလို့ ဘယ်သူ့စကားမှတစ်သွေမသိမ်းလိုက်နာတာမျိုးမရှိခဲ့ဘူး။ အဲ့လူတွေက မေမေရယ် ၊ ဖေဖေရယ် ၊ ပြီးတော့.... မာ ကော လီ !!

.........

ကျွန်တော်ကတော့ Lee Mark ! အနုပညာမေဂျာက တတိယနှစ်ကျောင်းသား။တစ်ကျောင်းလုံးရဲ့ King ဆိုလည်းမမှားဘူးပေါ့ဗျာ...။ရုပ်ခံလေးကရှိတော့ နှစ်တိုင်း ကျောင်းမှာ King ရွေးရင် ကျွန်တော်ပဲရသည် ။ ကျွန်တော့်အားနည်းချက်က မြင်သူတိုင်းငေးရတဲ့ မျက်နှာချောချောလေးရှိတာပဲ...ဟဲဟဲ...
ကျွန်တော်က အလယ်တန်း‌တုန်းက  ကနေဒါကနေ ဆိုးလ်ကို ‌ဒယ်ဒီ့အလုပ်တွေကြောင့်ပြောင်းလာခဲ့တာ။ ပြီးတော့ ဒီမှာပဲအချေချဖြစ်တော့တာပေါ့...
ကျွန်တော့်မှာဒီရောက်ကတည်းက ခင်လာတဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်! သူ့နာမည်က အီဟယ်ချန်းး...။     ။  

...........

markhyuck fic အသစ်ကလေးပါရှင့်! 😁
You don't remember me လေးကရေးရင်း အရေးအသားကိုစိတ်တိုင်းမကျလို့ မရေးဖြစ်သေးတာနဲ့ ဒီအသစ်ကလေးလာတင်ပေးတာပါ!! ဒါလေးကတော့ ဖရန့်ဇုန်ကနေမထွက်နိုင်တဲ့ အီဟယ်ချန်းပါ!! 😭🖐🏻

𝑊𝑒'𝑟𝑒 𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒𝑠𝑡 𝐹𝑟𝑖𝑒𝑛𝑑𝑠! Where stories live. Discover now