Ep 3

69 11 1
                                    

𝑊𝑒'𝑟𝑒 𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒𝑠𝑡 𝐹𝑟𝑖𝑒𝑛𝑑𝑠!

" ချန်းနီးလေးရေ ထတော့ "

" အွန်းး.. "

6 minutes later...

" ဟိုကလေးလေးကျောင်းမသွားဘူးလား "

" အွန်းး.. "

10 minutes later...

" အီဟယ်ချန်း ငါပါးစပ်နဲ့မရရင် တုတ်နဲ့လာနိုးတော့မှာနော် "

" အွန်းး..အဲ..မဟုတ်သေးပါဘူး ထပြီ! ထပြီ!! မေမေရေ "

အပြင်ထွက်လည်ပြီးပြန်လာတာနောက်ကျလို့ အီဟယ်ချန်းတစ်ယောက်နေဖင်ထိုးမှထလာသည်။

တုတ်နဲ့လာမနှိုးခင်အမြန်လေး အိပ်ယာကနေကုန်းရုန်းထလိုက်တယ်။ စောစောစီးစီးရိုက်ခံရရင်သိပ်အဆင်မပြေဘူး။ အောက်ထပ်လဲဆင်းရော မေမေကစားပွဲမှာထိုင်ပြီးသူ့ကိုအသင့်စောင့်နေပြီးသား..

" ချန်းနီးလေး ကျောင်းမှာထမင်းကိုကုန်အောင်စားနော် အိမ်ကနေထမင်းချိုင့်ထုပ်ပါဆိုတာကို မေမေ့စကားနားမထောင်ဘူး "

( ရယ်ပြ )

ပါးစပ်ထဲမှာမုန့်တွေအပြည့်နဲ့မို့ မေမေ့ကိုရယ်ပဲပြလိုက်တယ်။ မုန့်တွေပလုတ်ပလောင်းစားနေတဲ့ဟယ်ချန်းနီးခေါင်းလေးကို မေမေကခပ်ဖွဖွကိုင်ပြီးဆိုလာတယ်။

" အလည်လေး ကျောင်းမှာကောင်မလေးတွေဘာတွေရနေပြီလား "

( ခေါင်းရမ်း )

" တကယ်လား မေမေကမယုံပါဘူး "

" မယုံလဲနေပေါ့ မေမေ့သားကအဲ့လိုတွေစိတ်မ၀င်စားပါဘူးဆို "

" ကောင်မလေးတွေစိတ်မ၀င်စားရင် ဘာစိတ်၀င်စားတာတုန်း ချန်းနီးရဲ့ "

" မာ..အဲမဟုတ်ပါဘူး..ဟိုဟာ..စာ..စာ..ကျောင်းစာပဲစိတ်၀င်စားတာ ဟဲဟဲ "

ဟယ်ချန်းခဏလောက်စဉ်းစားလိုက်သည်။ မေမေ့ရှေ့မှာအမှန်အတိုင်းပြောလို့မဖြစ်သေးဘူး။ မာကောလီနဲ့ရည်းချားးတွေဖြစ်သွားမှ "ဒါသားကိုကိုပါမေမေ" ‌ဆိုပြီးမိတ်ဆက်ပေးလိုက်မယ် ။ မကောင်းဘူးလား..

မနက်စာစား စက်ဘီးထုတ်ပြီး ကျောင်းကိုပဲခပ်မြန်မြန်နင်းသွားလိုက်တယ်။ နောက်ကျလို့ဒဏ်ပေးခံရရင် အဆင်မပြေဘူး။ ကျောင်းရောက်ရင် အိမ်စာတွေကလည်းထပ်ရအုံးမယ် ၊ အင်္ဂလိပ်ရော၊ သင်္ချာရော၊သမိုင်းရော တစ်ခုမှမပြီးသေးဘူး။ ဒါမယ့်သိပ်တော့စိတ်မပူပါဘူး မာကောလီတစ်ယောက်လုံးရှိနေတာပဲ သူ့ထဲကကူးချမှာပေါ့ ခိခိ..

You've reached the end of published parts.

⏰ Last updated: Sep 11 ⏰

Add this story to your Library to get notified about new parts!

𝑊𝑒'𝑟𝑒 𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒𝑠𝑡 𝐹𝑟𝑖𝑒𝑛𝑑𝑠! Where stories live. Discover now