𝑊𝑒'𝑟𝑒 𝐴𝑙𝑤𝑎𝑦𝑠 𝐵𝑒𝑠𝑡 𝐹𝑟𝑖𝑒𝑛𝑑𝑠!
* ချစ်တယ်... ။ ... သူငယ်ချင်းလိုမဟုတ်ပဲ..! *
မာကောလီက တစ်ခါတစ်လေမှာသိပ်ကိုနားလည်ရခက်သည်။ ဟိုနေ့ကပဲ လူကိုအိမ်ထိပြန်လိုက်ပို့ပေးပြီး အခုကျ နေ့တိုင်းတွေ့နေရတာတောင် * ချန်း * လို့တစ်ခွန်းမခေါ်ခဲ့..။ သူစိတ်ဆိုးရအောင်လည်း ဘာအပြစ်တစ်ခုမှ ကျွန်တော်မလုပ်ထားမိ..! နေပါအုံး...သူနဲ့ကျွန်တော်က သူငယ်ချင်းပဲကို စိတ်ဆိုးစိတ်ကောက်စရာလိုသေးလို့လား..? ကျွန်တော့်ဘက်ကသာ တစ်ယောက်ထဲစိတ်ဆိုးစိတ်ကောက်တတ်ပေမယ့် သူကလာချော့ရမှန်းမသိတော့ တစ်ယောက်ထဲစိတ်ကောက် ၊ တစ်ယောက်ထဲပြန်
စိတ်ကောက်ပြေရသည်...။ ။အခုလည်းး အားကစားချိန်မှာ ဂျီဆောင်းတို့နဲ့လိုက်မသွားပဲ သူအားကစားခန်းမထဲမှာ volleyball ဆော့နေတာကို ထိုင်ကြည့်နေတာ 45 minutes လောက်ရှိပြီ။ နောက် 15 minutes ဆိုရင်ပဲအားကစားချိန်ကုန်တော့မှာကို ကျွန်တော်လာကြည့်နေတာမြင်ရဲ့သားနဲ့ အနားကိုတောင်ရောက်မလာခဲ့။
သူ့ကိုပေးမယ့်လက်ထဲက ရေဘူးလေးတောင် အအေးပြယ်နေပြီ..။ ကျွန်တော့်ဆီမလာပဲ သူ့ကိုလာအားပေးသည့်ဂျူနီယာအတန်းဘက်မှာသွားထိုင်နေတာမို့ ကျွန်တော်ကပဲ သူရှိတဲ့ခုံတန်းဆီကိုသွားလိုက်ရသည်..။
" ရော့ "
သူ့ရှေ့ရောက်ရောက်ချင်း ဘာမှမပြောနေပဲ သူပြန်မော့ကြည့်လာတာကိုတောင်မစောင့် အားကစားချိန်စကထဲက ယူလာခဲ့တဲ့ အအေးပြယ်တော့မယ့် ရေဘူးလေးကိုသာထိုးပေးလိုက်သည်။
" ဘာလဲ? "
" ရေဘူးလေ "
" ဒီမှာ..! "
ကျွန်တော်ကမ်းပေးတဲ့ ရေဘူးကိုမယူပဲ သူ့လက်ထဲကရေဘူးလေးကို ကျွန်တော်မြင်အောင်မြှောက်ပြရင်း ပြောလာသည်...! သိတာပေါ့ သူကိုင်ထားတဲ့ရေဘူးလေးက ခုနဂျူနီယာတန်းက သူ့ကိုအသည်းအသန်လိုက်နေတဲ့ ကောင်မလေးပေးလိုက်တဲ့ရေဘူး..။ သူ့လက်ထဲကရေဘူးကိုမြင်ပေမယ့် စကားပြောချင်လို့သေချာ ရေဘူးကိုကမ်းပေးခဲ့တာ အခုတော့ သူ volleyball ကစားနေချိန်ကထဲက နားရင်ရေဘူးပေးဖို့ ကျွန်တော်စောင့်နေခဲ့တာ အလကားဖြစ်သွားခဲ့ပြီ...။ ။