အပိုင်း - ၁

470 35 2
                                    

▪︎ 𝗎𝗇𝗂𝖼𝗈𝖽𝖾

ပင်လယ်ပြာဟာ လှိုင်းတွေ တရိပ်ရိပ် တက်လာနေတယ်။ ပြီးတော့ ငါက ကိုကို့ကို တွေ့နေရတယ်။

ကိုကိုက ငါ့မြင်ကွင်းထဲမှာ သုံးနှစ်သားအရွယ်။
တကယ့် ခပ်သေးသေး ခပ်ငယ်ငယ်။

ငယ်တာမှ ငါ့ရဲ့ လက်ရှိအသက်ကို ကိန်းဂဏန်း ငါးနဲ့ စားရင်တောင် ကိုကို့ရဲ့ အဲဒီအသက်ကို ရပါ့မလား ငါ မတွက်ချက်နိုင်တဲ့အထိကို ငယ်တယ်။

ဘယ်သူ ဆင်ပေးထားမှန်း မသိရတဲ့ ကိုကို့ရဲ့ တီရှပ် လည်ပင်းပေါက်ကလည်း ကျယ်ဟလွန်းလို့ ပုခုံးပေါ်ကိုတောင် တစ်ခြမ်းစောင်းပြီး လျှောကျနေတာ မြင်မိတယ်။

ဆံပင်ငုတ်စိလေးနဲ့ ကိုကိုဟာ ဆွဲပွေ့လိုက်ချင်စရာ ကောင်းလောက်အောင် တအားကို ချစ်ဖို့ ကောင်းခဲ့တာပဲ။ ငါ ချမှတ်တဲ့ ဥပဒေအရ ဒါကို လူတိုင်း လက်သင့်ခံသင့်တယ်လို့ ထင်တယ်။

ငါ့မှာ အတော်ကြာတဲ့အထိ ငါ့ဘဝတစ်လျှောက် တစ်သက်လုံး မှတ်မှတ်ရရ မရှိခဲ့ဖူးတဲ့ အသေးစား ကိုကို့ သွင်ပြင်ကို မငြီးမငွေ့ ထိုင်ကြည့်နေမိတယ်။

အစကတော့ အကောင်းပါပဲ။

ဒါပေမယ်လို့ ကြည့်နေရင်း ကြည့်နေရင်းကနေ တစ်စုံတစ်ခုကို ထူးထူးခြားခြား ခံစားမိလာတယ်။

မှားနေတဲ့ အရာတစ်ခု ဒီဖြစ်ရပ်မှာ ရှိနေသလိုလိုနဲ့ ..

ပြောရရင် ကိုကို တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အတွေးက မသိစိတ်ကနေ ငါ့ကို စနိုးစနောင့်ဖြစ်အောင် အကြိမ်ကြိမ် သတိလာပေးနေသလိုမျိုးပဲ။

အဲဒါနဲ့ ငါလည်း ကိုကို့ဘက်ကနေ တခြားတစ်ဘက်ကို အာရုံပြောင်းဖို့ ကြိုးစားကြည့်တယ်။

နောက်တစ်ခေါက် ပြန်လှည့်ကြည့်လိုက်တော့မှပဲ ကွက်ကွက်ကွင်းကွင်း ငါ သတိထားမိရတယ်။

𝗖𝗔𝗙𝗨𝗡𝗘Where stories live. Discover now