▪︎ 𝗎𝗇𝗂𝖼𝗈𝖽𝖾
ကျွန်တော် သူနဲ့ စတွေ့ခဲ့တုန်းက နှစ်ယောက်လုံးဟာ ဘဝကို တစ်မျိုးစီ ကြောက်ကန်ကန်နေကြတဲ့ သူတွေချည်းပဲ။
သူကလည်း သူ့နည်း သူ့ဟန်နဲ့။ ကျွန်တော်ကလည်း ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့။ တစ်ခုရှိတာက ဘယ်သူကမှတော့ ကောင်းသောနည်းလမ်းတွေ မဟုတ်ကြဘူးပေါ့။
လည်သာ ဂျက်ကတ်အနီလေးနဲ့ ကုန်တိုက်တစ်ခုရှေ့က ကွင်းပြင်ကျယ်မှာ ဂစ်တာလွယ်ပြီး မရှက်မကြောက် တစ်ဦးတည်း ဖျော်ဖြေနေခဲ့တဲ့ သူ့ပုံရိပ်ကို အခုထက်ထိ ကျွန်တော် မှတ်မိနေသေးတယ်။
သူ့ ဘေးနားမှာ လူတွေဆိုတာ ဝိုင်းနေရောပဲ။
အမှန်တိုင်းသာ ပြောရမယ်ဆိုရင် သူ တီးတတ်တဲ့ လျှပ်စစ် ကြိုးတန်းတွေနဲ့ ဂစ်တာအကြောင်း နားထောင်တတ်တာကလွဲပြီး ကျွန်တော် ဘာမှ ကောင်းကောင်း နားမလည်ဘူး။
ရိုးရိုးဂစ်တာရဲ့ လက်ကွက်တွေတောင် ကျွန်တော် သိတာ တစ်ကွက် နှစ်ကွက်ထက် မပိုနေဘူး။
အဲဒီလောက်ထိကို ကျွန်တော်ဟာ အဲဒီနယ်ပယ်မှာ ချာပါတယ်။ သူကလည်း လူအများကြား ယုံကြည်မှုရှိရှိနဲ့ မျက်နှာကို ချီဝံ့ထားနိုင်တဲ့အထိကို အဲဒီအပိုင်းမှာ သာပါတယ်။
ဒါပေမယ့် သူ့ရဲ့ နောက်ကို ကျွန်တော် လိုက်တယ်။ အဝတ်အစားတွေကို ရက်ပြတ်နဲ့ ငှါးပြီး သူ ပြန်ပြန်အပ်တတ်တဲ့ ပင်မင်းဆိုင်ကိုလည်း ကျွန်တော် ရောက်ခဲ့ဖူးတယ်။
တစ်ရက်မှာတော့ ကျွန်တော့်ကို သူ မိသွားတယ်။ သူ့မျက်နှာက စိတ်ညစ်နေပုံပဲ။ သူက မေးတယ်။ မပင်ပန်းဘူးလားတဲ့။
ကြည့်ရတာ အရင်ရက်တွေမှာလည်း ကျွန်တော် သူ့နောက်လိုက်နေတာကို မြင်ရဲ့သားနဲ့ ဘယ်တော့များ ရပ်သွားလိမ့်မလဲဆိုပြီး သူက မပြောခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။
YOU ARE READING
𝗖𝗔𝗙𝗨𝗡𝗘
Fanfiction𝘰𝘶𝘳 𝘱𝘪𝘵𝘪𝘧𝘶𝘭 𝘧𝘪𝘯𝘨𝘦𝘳𝘴 𝘸𝘦𝘳𝘦 𝘴𝘵𝘶𝘤𝘬 𝘧𝘪𝘳𝘮𝘭𝘺 𝘪𝘯 𝘩𝘪𝘴 𝘩𝘢𝘪𝘳.. [ 보넥도 𝖿𝖺𝗇𝖿𝗂𝖼𝗍𝗂𝗈𝗇 ]