အပိုင်း - ၂

198 28 0
                                    

▪︎ 𝗎𝗇𝗂𝖼𝗈𝖽𝖾

ငါ့မှာ မွေးချင်းမောင်နှမဆိုလို့ အစ်မတစ်ယောက်ပဲ ရှိတယ်ဆိုတဲ့ လက်ခံသိထားမှုကို ငါ မွေးပြီး ငါးနှစ်အကြာမှာ မေမေတို့က ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။

အဲဒီတုန်းက ဘူဆန်ဘက်မှာလားတော့ မသိဘူး။ ငါက ကိုကို့အကြောင်း မေးတဲ့အခါ ဖေဖေ့ရဲ့ ဆွေမျိုးတွေဆီ သွားလည်ဖို့ ငါတို့ မိသားစုလေးယောက် ခရီးထွက်ခဲ့ကြတာကနေ အစပြုပြီးတော့ မေမေ ပြန်ပြောပြဖူးတယ်။

ငါက ငါးနှစ်ပြည့်ပြီးနေပြီ။
မမကတော့ ခုနစ်နှစ်သမီးအရွယ်။

အဲဒီအချိန်မှာ ကိုကို့ကို မွေးစားခဲ့ကြတာပဲ။

ကိုကို့ မိဘတွေက သေသွားကြတာတဲ့။
ကိုကို ဘယ်လို ခံစားခဲ့ရမလဲ။
ဝမ်းနည်းနေခဲ့မယ် ထင်တယ်။

ငါ့ဆီမှာကလည်း အဲဒီအကြောင်းအရာတွေကို အထင်တရှား ပြန်မှတ်မိနေရလောက်တဲ့အထိ ထူးခြားနေတဲ့ ဦးနှောက်ရယ်လို့ မပါလာခဲ့မှတော့ ..

ကိုကိုနဲ့ ပတ်သတ်ရင် နောက်တစ်နေ့ ငါ အိပ်ရာက နိုးလာတဲ့အချိန်မှာ အကိုကြီးတစ်ယောက် ငါ့အိမ်ပေါ် ရောက်နေခဲ့တယ်ဆိုတာကလွဲပြီး တခြား ဘာမှ မသိခဲ့ရဘူးပေါ့။

ဘာဆို ဘာမှကိုပဲ။ ငါက မသိခဲ့ဘူး။

မသိပေမယ့် နောက်နေ့တွေမှာ ငါ အဲဒီအကိုကြီးနဲ့ တစ်ချိန်လုံး ဆော့တယ်။ ကစားတယ်။ ငါက သူ့ကို ကိုကိုလို့ စပြီး ခေါ်တယ်။

ငါ့ကိုဆို ဆရာမကြီး သိပ်လုပ်ချင်ပြီး " ငါ ပြောသလို လုပ် ငါ လုပ်သလို မလုပ်နဲ့ " ဆိုတဲ့ ဝါဒီပိုင်ရှင် မမထက်စာရင် ကိုကို့အနား ပိုကမ္ဘာတည်ခဲ့မိတာကိုလည်း ငါ ဝန်ခံပါတယ်။ ဒါကတော့ အခုလည်း အတူတူပါပဲ။

ဒါပေမယ့်လို့ သူတို့တွေ ဘယ်လိုပဲ ငါ့မှတ်ဥာဏ်ကို ရုတ်တရက်ကြီး အစ်ကိုတစ်ယောက် ကောက်ထည့်ပြီး ဖျောက်ဖျက်တိုင်းလည်း ငါ့မှာ တကယ်ကြီး ငါ့အစ်မ တစ်ယောက်ပဲ ရှိတယ်။ အဲဒါ အမှန်ပဲ။

𝗖𝗔𝗙𝗨𝗡𝗘Where stories live. Discover now