▪︎ 𝗎𝗇𝗂𝖼𝗈𝖽𝖾
များပြားလှသည့် လူတွေ ..။
၄င်းတို့ ကိုယ်တွင်းရှိ မပြည့်ဝနိုင်သည့် ဆန္ဒတွေ။ မာန်စွယ်မကျိုးသည့် အတ္တတွေ။ အတောမသတ်နိုင်တော့မည့် လိင်ဆာလောင်မှုတွေ ..။
လူတွေဟာ အဘယ်ကြောင့်များ ဖြစ်တည်နေကြရသလဲ ..။
ပိုင်ချင်သည်အား မပိုင်ရ။
ဆိုင်ချင်သည်အား မဆိုင်ရ။စိတ်တိုင်းကျတာ တစ်ခုလေးတောင် ဖြစ်ပျက်မလာသည့် လောကဓံထဲ၌ ဘယ်သူ့ ညွှန်ကြားချက်နှင့် အတူတကွ အသက်ရှင်နေကြရတာလဲ ..။
ထိုသို့ တွေးမိခြင်းများမှာ အမှန်တကယ်တော့ ' အတွေး ' အဆင့်ထိသာလျှင် ကောင်းသည်။
တစ်ယောက်ယောက်အား စကားဖြင့် ထုတ်ပြောလိုက်မိပြီဆိုသည်နှင့် အနည်းအငယ်တော့ ဇာတ်ဆရာဆန်သွား၏။ ကြားရသူအဖို့ ပြောနေသူဟာ ဇာတ်လိုက်ရောဂါ ရနေသည့် လူတစ်ယောက်နှင့် တူနေလိမ့်မည်။
သို့သော် တစ်ခါတလေမှာ ဘဝ၏ နှစ်ကာလလက်ကျန်တွေအား နှစ်ရက်လောက်နှင့် ကုန်ဆုံးစေချင်လာသည့်အခါ ထိုကဲ့သို့ အမှန်တကယ် တွေးမိတာကလည်း ဖြစ်နိုင်သည်။
အဲသည်လိုလည်း ဖြစ်နိုင်ပါ၏ ..။
———
အပိုင်း ( ၃ )
•••••
နေရောင်ပူပူ။
လူထူထူ။တက္ကသိုလ်ဝန်းထဲ၌ ကိုယ် ရောက်လိုရာသို့ လျှောက်လှမ်းနေကြသည့် လူအပေါင်းတို့၏ မျက်နှာအမူအရာများက ကိုယ်ပိုင် စိတ်အခြေအနေများအပေါ် လိုက်၍ တစ်ဦးနှင့် တစ်ဦး မတူမညီ ကွာခြားနေကြသည်။
ထိုလူများထဲတွင် ဒုံဟျွန်းကတော့ ဦးတည်ထားသည့် နေရာတစ်ခု ရှိပါလျက်နှင့် ထိုနေရာနှင့် နီးလာလေလေ ဆက်မသွားလိုက်ဖို့ဆိုသော တွေဝေမှုအပေါ် အလေးသာကာ ယိမ်းယိုင်ချင်လာသည်။
ကြုံရ ဆုံရသည့် ကိစ္စရပ်တိုင်းအား ဘယ်လောက်ပင် ဂရုမစိုက်သလို နေရင်း စိတ်ဖျောက်ထားသော်လည်းပဲ လှေကားထစ်ပေါ် တက်လှမ်းနေသည့် ခြေလှမ်းနှုန်းဟာ လိမ်လို့ မရအောင်ပင် ပုံမှန်ထက် တုံ့နှေးနေလေသည်။
YOU ARE READING
𝗖𝗔𝗙𝗨𝗡𝗘
Fanfiction𝘰𝘶𝘳 𝘱𝘪𝘵𝘪𝘧𝘶𝘭 𝘧𝘪𝘯𝘨𝘦𝘳𝘴 𝘸𝘦𝘳𝘦 𝘴𝘵𝘶𝘤𝘬 𝘧𝘪𝘳𝘮𝘭𝘺 𝘪𝘯 𝘩𝘪𝘴 𝘩𝘢𝘪𝘳.. [ 보넥도 𝖿𝖺𝗇𝖿𝗂𝖼𝗍𝗂𝗈𝗇 ]