✨My Boyfriend is Super ⭐

218 5 2
                                    

စိမ်းစိမ်းစိုစို ကုက္ကိုပင်ကြီး တစ်ပင်ရဲ့ အောက်၌ မြေးအဖိုး နှစ်ယောက်ဟာ မိုးကာ အင်္ကျီးများကို ဝတ်ဆင်ကာ မြေကြီးများ ကို တူးဆွနေကြသည်။ ပတ်ဝန်းကျင် ရှိ ကောင်းကင်ယံ၌ တဂျိန်းဂျိန်းဖြင့် မြည်ဟိန်းနေခဲ့သည်။ မိုးရွာထဲ မြေကြီးကို တူးဆွနေသော အဖိုးအိုဘေး၌ ၁၄ နှစ် အရွယ် မြေးဖြစ်သူ တေးသံသာ ဟာ ငိုကြွေးနေလျှက်ရှိသည်။

အဖိုးအိုလည်း သူ့စိတ်ကြိုက်မြေကြီးကို တူးဆွပြီးသော်….

“ သာသာ ဖိုးဖိုး ဆီ စူးစူး ကို  ပေး …”

မပီကလာ ပီကလာ မြန်မာ လေသံဖြင့် အဖိုးအိုဟာ မြေးဖြစ်သူဆီထံမှ တစ်စုံတစ်ခုကို တောင်းလိုက်သည်။ သို့သော် မြေးမလေး တေးသံသာမှာ အဖိုးအိုတောင်းသော  သစ်သားဗူးလေးကို ပိုက်ထွေးလျှက် ငိုကြွေးလျှက်ရှိသည်။

“ သာသာ …… စူးစူးလေးကို လွတ်လပ်ခွင့်ပေးလိုက်ပါ တော့ သာသာ ရယ် …”

သစ်သားဗူးလေးအား မြေကျင်းထဲထည့်ကာ အဖိုးဖြစ်သူမှ ထိုသစ်သား သေတ္တာပေါ်သို့ မြေကြီးများ ဖုံးဖိကာ မြှုပ်နှံပေးနေခဲ့သည်။ ကလေးမလေး ဟာ ဆက်လက်ငိုနေခဲ့ပြီး အဖိုးဖြစ်သူမှာတော့ ….

“ သာသာ ရဲ့ ခွေးလေးက အခုထက်ပိုကောင်းတဲ့ ဘဝကို ကူးသွားတာကို ဘာလို့ သာသာ ငိုနေရတာလဲ ….”

“ သာသာ စူးစူး ကို ချစ်တယ်လေ …..”

“ သတ္တဝါတွေဆိုတာ ခန္ဓာရလာရင် ….တစ်ချိန် ပျက်ဆီးရမှာ သဘာဝပဲလေ ကွယ် .. ကဲ တိတ်တိတ် မငိုနဲ့တော့ ….. စူးစူး ရဲ့ ဈာပန လည်း ပြီးပြီဆိုတော့ … သာသာ နဲ့ ဖိုးဖိုး လည်း ပြန်ရအောင် …. တော်ကြာ သာသာ ဖေဖေ နဲ့ မေမေ သာသာ ပျောက်လို့စိတ်ပူနေဦးမယ်…..”

အဖိုးဖြစ်သူ လှည့်ပြန်ခါနီးစဲစဲတွင် တေးသံသာ ဟာ ….

“ ဖိုးဖိုး …. လူတွေကရော သေပြီးရင် ဘယ်ကို ရောက်သွားမှာလဲ ဟင် …. ဖိုးဖိုးရော …. တစ်နေ့ကျရင် သာသာ ကို စူးစူး ထားခဲ့သလို သာသာ ကို ထားခဲ့ရင် ဘယ်လိုလုပ်မလဲ  ….”

အဖိုးဖြစ်သူ ဦးဝမ်ကျင့် ပြုံးလိုက်၏။

“ သာသာ့  နှလုံးသားထဲမှာ … ဖိုးဖိုးရဲ့ စကားတွေ အမှတ်တရတွေ မပျောက်ကွယ်သရွေ့ …  ဖိုးဖိုး က သာသာ အဲ့ အမြဲ အတူရှိနေမှာပါသာသာ ရယ် …”

My Boyfriend is Super Star ✨Where stories live. Discover now