Chapter 3

32 1 0
                                    

“ မင်း ………..”

WuYiBo အံ့ဩမင်သက်နေခိုက် WuYiBo လက်ထဲမှ ဖုန်းဟာ ထမြည်လာခဲ့သည်။ ဖုန်း Contact ၌ ချင်ချန်း ဟု မှတ်ထားသော WuYiBo ရဲ့ လက်ထောက် မှ ဖုန်းဝင်လာသည်။  WuYiBo လည်း ဖုန်းကို ကိုင်လိုက်သည်။

“ အကို … အကို အဲ့ရောက်နေတာ …. တစ်ချို့ မီဒီယာတွေ Fandom Gp တွေမှာ ဖော်နေကြပြီ … အကို သတိထားနေဦး ….တော်ကြာ ပါပါရာစီတွေနဲ့ တိုးနေဦးမယ် ….”

“ အင်း ……….”

WuYiBo ဖုန်းချလိုက်သည်။

“ မိန်းကလေး ဒီကို လာရတာ ဘာကိစ္စရှိလို့လဲ …..”

“ ဪ … ဒီအိမ်က ဝမ် မျိုးရိုး အိမ်လား မသိဘူး …..”

WuYiBo တေးသံသား အား မျက်စိထောင့်ကပ်ကြည့်ပြီး သံသယမျက်လုံးများဖြင့် စတင်လာသည်။

‘ ဝမ် …. မဟုတ်မှ ဝမ်မိန်း နဲ့ သိနေကြတာများ လား …တကယ်လို့သာ သူနဲ့ဝမ်မိန်းသာ သိကြတယ်မှန်တယ်ဆို ….သူက ငါ့ဆီ ဘာလာလုပ်တာ လဲ … မဟုတ်မှ သတင်းထောက်များလား …….’

WuYiBo တစ်ယောက် သာသာ ကိုကြည့်လျှက် အတွေးများစွာ တွေးတောနေမိသည်။

တေးသံသာလည်း WuYiBo ရှေ့ သူမ လက်လက်ကလေး ဝေ့ရမ်းကာ….

“ ဒီမှာ ရှင့် …ဒီမှာ …..”

“ ဟမ် …… ဒီအိမ်က ….”

“ မဟုတ်ဘူး ….. မင်း အိမ်မှားနေပြီ ….”

“ မဖြစ်နိုင်တာ ….. ဒီအိမ်ကလေ … ဒီလိပ်စာထဲက ….”

သာသာ တစ်ယောက် သူမ ရဲ့ လွယ်အိတ်လေးကို ပွေ့ပိုက်ကာ WuYiBo အနားကို ကပ်လာခဲ့သည်။

ထိုအခါ WuYiBo ဟာချက်ချင်းပဲ သူမ ရဲ့ နဖူးလေးကို သူ့လက်ညှိုးလေးဖြင့် တွန်းသည်။ သာသာ လည်း WuYiBo ကို မော့ကြည်ပြီး…

“ ရှင့်ကို အိမ်လိမ်စာ မှန်မမှန်ပဲ မေးချင်လို့ပါ ……”

“ ငါ လည်း ပြောပြီးပြီမလား … ဒီအိမ်က မင်း ရှာနေတဲ့ အိမ်မဟုတ်ဘူးလို့ …”

“ ရှင်က လိပ်စာတောင် မကြည့်ရသေးဘဲ … ဘာလို့ ကျွန်မ ရှာနေတဲ့ အိမ်မဟုတ်ဘူးလို့ ပြောနိုင်ရတာလဲ ….”

You've reached the end of published parts.

⏰ Last updated: Aug 16 ⏰

Add this story to your Library to get notified about new parts!

My Boyfriend is Super Star ✨Where stories live. Discover now