“မင်း ပြန်ရောက်နေပြီလို့ ငါကြားတယ် … အဲ့သတင်းက အမှန်ပဲလား …..”
သေသပ် သန့်ရှင်းပြီး ခမ်းနားလွန်းသော ဇိမ်ခံအိမ်ကျယ်ကြီး ၏ အရှေ့၌ WuYiBo ရောက်ရှိနေခဲ့သည်။ အိမ်ရှေ့သို့ရောက်ရောက်ချင်း ဝင်လာသော ဖခင်ဖြစ်သူဆီမှ အဝင်ဖုန်း …
“ ဟယ်လို Xiao Wu …..ဇာတိကို ပြန်ရောက်တာတောင်မှ မိဘအိမ်ကို ပြန်လာဖို့ စိတ်ကူး မရှိဘူးပေါ့ …… ဟုတ်လား ….”
“ ဟုတ် …..”
“ ဘာ …….”
“ ကျွန်တော် ParPar အိမ် ကို ပြန်မလာချင်ဘူး PaPa….PaPa ရဲ့ ဟိုတယ်လုပ်ငန်းကိုလည်း ကျွန်တော် စိတ်မဝင်စားသလို … ကျွန်တော် စိတ်မဝင်စားတဲ့ အလုပ်ကိုလည်း လုပ်ဖို့ အစီစဉ်မရှိဘူး ….”
“ မင်း တော်တော် ခေါင်းမာတာပဲ …. ငါ့မှာ ငါ့အမွေကို ဆက်ဆံဖို့ မျိုးဆက်ဆိုလို့ မင်း တစ်ယောက်ပဲ ရှိတာ … မင်းက မှ ငါ့အလုပ်ကို စိတ်မဝင်စားရင် ဘယ်သူက ငါ့အလုပ်ကိုလုပ်မလဲ ….”
“ PaPa မိန်းမ ရှိတယ်မလား …. ဒေါ်လေး ချန် က PaPa အမွေတွေကိုစိတ်ဝင်စားတာပဲ … သူ့ကို လွှဲပေးလိုက်ပေါ့ .. ကျွန်တော့် အတွက်ကတော့ ကျွန်တော့် ဘာသာ ကျွန်တော် ရှာစားနိုင်တယ် ….”
“ ဒေါ်လေး ချန်ကို လွှဲလိုက်ရင် … ငါ့လုပ်ငန်းစုရဲ့ ဦးဆောင်သူက ချန် မျိုးရိုးဖြစ်သွားမှာပေါ့ … ပြီးတော့ ငါ့လုပ်ငန်းစု ဆိုတာထက် ငါတို့ Wu မျိုးနွယ်ရဲ့ လုပ်ငန်းစု ဆို ပိုမှန်မယ် … ဘာလဲ မင်းက ငါ့ကို တမလွန်ရောက်ရင်တောင် Wu ဘိုးဘေးတွေဆီမှာ မျက်နှာငယ်ရအောင် လုပ်မလို့လား …..”
“ ကျွန်တော် မပြန်ခင် တစ်ရက်လောက် PaPa ကို လာတွေ့ပါ့မယ် … အခုတော့ ကျွန်တော် နားလိုက်ဦးမယ် ….”
WuYiBo ဖုန်းချလိုက်သည်။
တံခါးမှ အိမ်ရဲ့ လျှိုဝှက်နံပါတ် ကုဒ်ကို ရိုက်ပြီး အိမ်တံခါးကို ဖွင့်သည်။
“ 1135869 …..”
တီတောင်တီ …
အိမ် တံခါးဖွင့်ပြီးသော် သူ့ရဲ့ ခရီးဆောင်အိတ်အား သယ်ပြီး သူ့ ဇိမ်ခံစံအိမ်ကြီးထဲ ဝင်သွားသည်။
YOU ARE READING
My Boyfriend is Super Star ✨
Fantasyတရုတ်ပြည်မှ အဖိုးဖြစ်သူ ရဲ့ အဆက်သွယ်ပျက်နေသော မိသားစုကိုရှာဖွေရင်း တရုတ်ပြည်ရဲ့ ဒိတ်ဒိတ်ကြဲ Super Star မင်းသားလေးနဲ့ ချစ်မိသူ🥰🥰