Unicode
သူမစိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာကို ကုမျန်နားမလည်ဘူး။
မူလပိုင်ရှင်က အခြားအရာတွေမပြောနဲ့ လော့ချယ်ရဲ့လက်ကိုပင် မကိုင်ခဲ့ရပေ။
ဒီအကြောင်းကို သူမ ပိုတွေးလေလေ နောင်တရလေလေဖြစ်ပြီး လွယ်လွယ်နဲ့ လက်မလွှတ်လိုက်သင့်ဘူးလို့ ခံစားရလေလေပါပဲ။
ဒီလိုနဲ့ လမ်းခွဲပြီး တစ်ပတ်အကြာမှာပဲ မူလပိုင်ရှင်က ပြန်ပေါင်းထုပ်ဖို့ တောင်းဆိုခဲ့တယ်။
ကုမျန်က ဇာတ်ကြောင်းကို ပြန်တွေးကြည့်နေတယ်။ သူမတို့ထမင်းစားတဲ့အချိန်ကျရင် လမ်းခွဲဖို့အကြောင်း သူမပြောလို့ရလောက်မယ်။
အဆုံးမှာတော့ သူမက ဇာတ်ကြောင်းရဲ့ထိန်းချုပ်မှုကို မဖယ်ရှားနိုင်သေးဘူးလေ။ လမ်းခွဲတာက စာအုပ်ထဲမှ ဇာတ်ကွက်တစ်ခုလို့ ယူဆလို့ရတာကြောင့် လော့ချယ်ကို လမ်းခွဲမယ်လို့ ပြောရမှာဖြစ်တယ်။
လော့ချယ်က ကုမျန်တွေးနေတာတွေကို မသိဘူး။
ရိုက်ကူးရေးက အချိန်အများကြီးယူရလိမ့်မယ်လို့ သူထင်ခဲ့တာ။ နေ့လယ်မှာ အားလုံးအတူတူထမင်းစားကြမယ်ပေါ့။ ဒါပေမယ့် ရိုက်ကူးရေးက ခနလေးနဲ့ ပြီးသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ ဒါနဲ့ပဲ ကုမျန်ကို သူနဲ့ ထမင်းစားဖို့ ဖိတ်လိုက်တယ်။ စားသောက်ဆိုင်ကိုလည်း လမ်းပေါ်မှာပဲ ကြိုတင်ဘွတ်ကင်လုပ်လိုက်ရတယ်။
ကြိုတင်မမှာထားရတာကြောင့် သူတို့စားသောက်ဆိုင်ကိုရောက်တော့ လူပြည့်နေပြီး ခေါ်ဖို့ စောင့်ဆိုင်းနေရတော့တယ်။
လော့ချယ်နဲ့လော့ကျစ်ယွီက သန့်စင်ခန်း အတူတူသွားကြတယ်။ ကုမျန်နဲ့ သူမရဲ့ လက်ထောက် ရှောင်ကျူးတို့ကတော့ ကားထဲမှာ စောင့်နေတုန်းပါပဲ။
မှတ်မိခံရမှာစိုးတဲ့ လော့ချယ်နဲ့လော့ကျစ်ယွီတို့က ဝန်ထမ်းသန့်စင်ခန်းကို သွားခဲ့ကြတာပင်။
လော့ကျစ်ယွီက သူ့လက်ကိုဆေးရင်း သက်ပြင်းချလိုက်တယ်။ "မင်း သူမနဲ့ တကယ် တူတူရှိချင်တာလား"
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)