Part 1 (Uni & Zawgyi)

7.4K 28 1
                                    

Unicode

လူတိုင်းနီးပါး တိတ်ဆိတ်စွာ အိပ်စက်အနားယူသည့် ညသန်းခေါင်အချိန် မြို့ပြင်၌ ကျယ်လောင်စွာ ထွက်ပေါ်နေသော ကားသံများမှာ မဖုံးမဖိနိုင်အောင် ဆူညံလွန်းလှသည်။ အမှောင်ထုကြီးစိုးတဲ့ အချိန်ကာလ ဖြစ်ပေသော်ညားလဲ ကားပြိုင်ပွဲတွင် အားပေးနေကြသော လူများ၏ အသံမှာ ထိုအမှောင်ထုကို ဝါးမြိုကာ လွှမ်းမိုးနေတော့သည်။

ကားပြိုင်ပွဲဖြစ်သဖြင့် ပြိုင်ဘက်နှစ်ယောက်က စိတ်ဓာတ်ပြင်းထန်ကာ ပွဲအစကို ယှဉ်ပြိုင်ကြသည်။သူမသာ ကိုယ်အသုဘ ဆိုသကဲ့သို့ အနိုင်မခံအရှုံးစိတ်ဖြင့်မောင်းနှင်ခဲ့ရာ လမ်းဆုံးရောက်ရန် မိုင်ဘယ်လောက်မှမလိုတော့ပင်။

ပြင်းထန်တဲ့ တိုက်ပွဲမှာ သူ့ထက်ငါအပြိုင်မောင်းနှင်ကြရာ ပန်းတိုင်ကို အမဲရောင် Lamborghini ကားက ပန်းတိုင်မှ တားထားသည့်ကြိုးကို ဖြတ်ကာ ပန်းဝင်တော့သည်။ ဒိုင်လူကြီးဆီမှ အော်သံနှင့်
အပြိုင် Rayden အား အသေရရ အရှင်ရရ လိုချင်သူမိန်းကလေးအချို့၏ အားပေးသံတွေနဲ့ ပိုလို့ပင် ဆူညံသွားရသည်။

Lamborghini အင်ဂျင်သံခပ်ပြင်းပြင်းဖြင့် ကားအမဲရောင်ထဲမှ ထွက်လာသူက အသားဖြူဖြူ အရပ်ရှည်ရှည်နှင့် နားတဖက်မှာ earing နဲ့ Lip piercing ကိုတပ်ထားတာ Tshirt အဖြူရောင်ဖြင့် စတိုင်ကျကျဝတ်ဆင်ထားသည်။ထိုသူက ဒီကားပြိုင်ပွဲလောကမှာ ကျင်လည်တာ ကြာပီဖြစ်တဲ့ Rayden Reuben ပင်ဖြစ်သည်။

ကားပြိုင်ပွဲမှာ ကျင်လည်တာကြာလို့အခြေမရှိအနေမရှိ လူစားမျိုးမဟုတ် စီးပွားရေးလုပ်ငန်းအများအပြားကို ဉီးစီးဉီးဆောင်လုပ်သည့် Reuben ၏သားအငယ်ဆုံးဖြစ်သည်။

တနေ့ထဲက ပြီးပြီးသား ကိစ္စကို စောက်ရူးလေးတွေက မကျေနပ်ဘဲ လောင်းကြေးအသစ်နဲ့ ပြိုင်ပွဲထက်လုပ်သော်လဲ အနိုင်ရသူက သူသာ။

ကားထဲမှ ဆင်းဆင်းလာချင်းပင် ဆေးလိပ်ဘူးကိုထုတ်ကာ နှုတ်ခမ်းအဝတွင် ဆေးလိပ်ကိုတေ့လိုက်သည်။ လက်များက Jean pant အမဲရောင်ထဲကို လက်ထိုးကာ မီးခြစ်ကို ခက်ခဲစွာရှာနေသည့်အချိန်တွင် မျက်နှာရှေ့သို့ရောက်လာသော လက်ဖွေးဖွေး တစုံ ။

Mommy Or Daddy (Complete)Where stories live. Discover now