I

541 63 12
                                    


*ကျွီ..

ဘက်စ်ကားသမားက ရုတ်တရက် ဘရိတ်ကိုဆောင့်အုပ်လိုက်တာကြောင့် ကားပေါ်က လူတွေ ယိမ်းထိုးသွားသလို ခုံပေါ်တွင် အိပ်ပျော်နေသည့် မက်သရူး သည်လည်း ရေးက တန်းနဲ့နဖူး ပြေးဆောင့်မိကာ အိပ်ပျော်နေရာကနေ နိုးလာခဲ့သည်...။

မက်သရူး နာကျင်နေသည့် နဖူးကို ယောင်ယောင်ရမ်းရမ်း ပွတ်ကြည့်ပြီး ပွတ်ကြည့်တဲ့လက်ကို ပြန်ကြည့် လိုက်တော့ သူ့ လက်တွင် ဘာသွေးမှ ရှိမနေ...။

သေချာပေါက် သူ့ နဖူးတည့်တည့်ကို ကျည်ဆန်မှန်သွားပြီး သေသွားတာမဟုတ်ဘူးလား..............။ အိပ်မက်ဆိုးအရှည်ကြီးတစ်ခုကို သူ ဘက်စ်ကားပေါ်တွင် အိပ်ပျော်နေတုန်း မက်နေခဲ့တာလား...............။

မဖြစ်နိုင်.... နာကျင်မှုတွေသည် အမှန်တကယ် ခံစားလိုက်ရသည်...။

အဲ့ဒီအချိန် မိုးတွေက အညှိုးနဲ့ကို သည်းကြီးမည်းကြီး ရွာနေခဲ့သည်..............။

မက်သရူး ဆီ တည့်တည့်ချိန်ရွယ်ထားသည့် သေနတ်ပြောင်းဝ က ဒိုင်းခနဲ မီးခိုးလှိုင်သွားသည်နှင့် သူ့နဖူးထက်မှာ ပြင်းပြင်းထန်ထန် နာကျင်ခံစားသွားရသလို မြေပြင်ပေါ်လဲကျသွားသည်..။ မိုး‌ရေစက်တွေနဲ့အနီရောင် သွေးတို့ဟာ ရောထွေးသွားသည်...။

" မင်းကို ရှန်မိသားစု က လူလားမြောက်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့တယ်... မင်းက ငါ့ လူ ရဲ့ အသည်း နဲ့ အသက်ရှင်နေခဲ့ရတယ်.. ဒါကိုတောင် မင်း က သူ့ မိသားစု တင်မကဘူး သူ့ ဘဝပျက်စီးရာ ပျက်စီးကြောင်း ရောက်စေတဲ့ ပထမဆုံး လူဖြစ်ခဲ့တယ်...ဒါက ကျွေးမွေးသခင် လက်ကို ပြန်ကိုက်ခွေးထက်တောင် နိမ့်ပါးသေးတယ်..."

မက်သရူးဟာ ကုန်းပေါ် ပတ်တင်ခံလိုက်ရတဲ့ ငါးတစ်ကောင်လို အသက်ငင်နေချိန်မှာ သူ့ကို ပစ်သတ်ခဲ့တဲ့လူက နောက်ဆုံးစကားကို ပြောပြီးသည်နှင့် မြေပေါ်လှဲကျနေသည့် သူ့ကို တစ်ချက်လေးတောင် ပြန်မကြည့်ဘဲ ထွက်သွားခဲ့သည်...။

" တောင်း... တောင်း... ပန်..ပါတယ်...စိတ်ရင်းနဲ့..."

သူခန္ဓာကိုယ်က အသက်မဲ့သွားသည့်တိုင် မပြိုကွဲသေးသည့် ဝိညာဉ်ကတော့ တပါးသူတွေ သွေးထိုးလို့ ကျေးဇူးရှင်မိသားစု ကို ဖျက်ဆီးခဲ့သည့် လူမဆန်သည့် လုပ်ရပ်တချို့ သူ လုပ်ခဲ့သည့် အတွက် နောင်တရကာ တိုးလျှိုး တောင်းပန်ရင်း ငိုကြွေးနေခဲ့သည်..............။ နောက်ဆုံးအသိက မိုးကြိုးပစ်သံအကျယ်ကြီး ကြားပြီးနောက်မှာ သူ့ ဝိညာဉ်ဟာလေနှင်ရာလွင့်ပါသွားတော့သည်..။

His Great WallWhere stories live. Discover now