IV

429 60 98
                                    

" ကျွန်တော် ထင်သားပဲ... ခင်ဗျား က အလွယ်တကူကျော်သွားပေးမယ့် လူစားမှ မဟုတ်တာ... ခင်ဗျား တမင်သက်သက် ဟန်ဘင်း ဟျောင်း ကား မှန်ကို အက်ရာထင်အောင် လုပ်ခဲ့တာမဟုတ်လား.. ဟက်.. ကျွန်တော်သာ black box မစစ်ကြည့်ရင် ခင်ဗျားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး.. ဘာလို့ လူ က ဒီလောက်တောင် တာဝန်ယူချင်စိတ်မရှိရတာလဲ..."

မက်သရူး ကား Wiper နဲ့ ညှပ်တင်ခဲ့သည့် စာရွက်လေးသည် လေကြောင့် ဘယ်ဆီလွင့်သွားသည်မသိ။ ဖြစ်ချင်တော့ ထိုကားပိုင်ရှင်သည် ဟန်ဘင်း ဖြစ်နေခဲ့သည်..။ ဟန်ဘင်း နဲ့ ချွမ်ရွေ့ ကားဆီရောက်တော့ ကားမှန်အက်ရာထင်နေတာကို တွေ့လိမ့်မည်..။ သို့သော် မက်သရူး လက်ရေးစာသည် အစောကတည်းက လေနဲ့ပါသွားပြီမို့ လက်သည်ပေါ်ရန် ချွမ်ရွေ့က Black box ကိုစစ်လိမ့်မည်..။

Black box သည်လည်း မက်သရူး ကားကိုပတ်ကြည့်သည့် အချိန်သာ ပါနေနိုင်ပြီး စာညှပ်ခဲ့တာကို မရိုက်မိတာ ဖြစ်နိုင်သည်..။ ဘယ်သူ့အပြစ်တင်နိုင်မှာလဲ ပျာယီးပျာယာနိုင်ပြီး ပေါ့ပေါ့ဆဆ စာရွက်ကိုညှပ်ခဲ့သည့် မက်သရူး အပြစ်တွေချည်းပဲပေါ့..။

" ဟျောင်း....တောင်းပန်ပါတယ် ကျွန်တော် တမင် လုပ်တာမဟုတ်ပါဘူး.. စာကိုလေ သေချာညှပ်ခဲ့ပေမယ့်..."

" ရတယ်.. ရပါတယ်ဆို ချွမ်ရွေ့ ရယ်... မက်သရူး လည်းတောင်းပန်ပြီးနေတာကို မှန်ကလည်း ကွဲသွားတာမှမဟုတ်တာ..."

မက်သရူး က ဟန်ဘင်း ဘက်သို့ မျက်နှာငယ်လေးနဲ့တောင်းပန်လိုက်တော့ ကြင်နာ သနားလွယ်သည့် ဟန်ဘင်းဟျောင်းက ချွမ်ရွေ့ကို ပြန်နားချနေသည်..။

" *ကျစ်... ဟန်ဘင်းဟျောင်း... ဟျောင်း... မသိပါဘူး ဆော့မက်သရူး အကြောင်း... သူ က.."

" အဟမ်း... နှောင့်ယှက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်... ဒီမှာ note တစ်ရွက် ဟိုဘက်ကို လွှင့်နေတာနဲ့ "

" ဪ........ဂွန်းနုဂီ ?? "

ချွမ်ရွေ့ စကားမဆုံးခင်မှာ စကားသံတစ်ခုက ဖြတ်ပြောလာပြီး ကျ နေ ထိုးနေသည့် မက်သရူး မျက်နှာကို အရိပ်ကြီးကြီး တစ်ခုက ကာကွယ်ပေးလိုက်သည်..။ ထိုသူက ပြောရင်းဆိုရင်း သူ လက်ထဲက စာရွက်လေးကိ ဟန်ဘင်း ဆီ လှမ်းပေးလိုက်သေးသည်.။

His Great WallWhere stories live. Discover now