II

315 48 12
                                    


မနေ့က ကိစ္စဖြစ်ပြီး ဝုန်းဒိုင်းကြဲကာ တိုက်ခန်းကနေ ထွက်သွားသည့် ချွမ်ရွေ့ ဟာ သူ့အဘိုးမဆုံးခင်က အမွေပေးခဲ့သည့် တိုက်ခန်းတွင် သွားနေနေတာ ထင်သည်..။ဒီနေ့မနက်ပိုင်း ချွမ်ရွေ့ အတန်းတက်ရမည့် အချိန်တွင်လည်း ချွမ်ရွေ့ ဟာ အတန်းချိန် မတတ်ခဲ့။

မက်သရူး ဖုန်းတဂွမ်ဂွမ် ဆက်ပြီး စာတွေဆက်တိုက်ပို့နေပေမယ့်လည်း လျစ်လျူရှုခြင်းခံနေရဆဲ..။ ရွေ့ရွေ့ က သူ့ကို ရွံ့မုန်းသွားပြီထင်သည်...။ မက်သရူး ရင်ထဲ မျက်ရည်စက်လျက် ကျနေတာ ဘယ်သူ သိနိုင်မည်နည်း..။

မက်သရူး အတန်းချိန်ကလည်း နေ့လည် အတန်းချိန် တစ်တန်းသာ ရှိသည်မို့... Fine Art ဘက်ကနေ ဘတ်စကတ်ဘော ကလပ်ဆီသွားပြီး ချွမ်ရွေ့ကို အဖွဲ့ဝင်အဖြစ်က ဖျက်သိမ်းပေးဖို့ ကလပ် ခေါင်းဆောင် ဆီ သွားဖို့ လုပ်နေတုန်း မှာပဲ.. တဂဲ ဂဲ ဒေါသတကြီး အော်မြည်လာသည့် ဖုန်းကြောင့် ခြေလှမ်းကိုရပ်တန့်က ဖုန်းကို ကိုင်လိုက်သည်..။

" ဟဲ လို..."

@ဟေ့ကောင်...ဆော့မက်သရူး ..မသေသေးရင် ...ဒီနေ့ အတန်းချိန် လာတက် ... ငါ ဘာ Roll call မှ မင်းကို ထပ်မယူပေးဘူး.. ကြားလား... ပြီးမှ ငါ့ကို နှလုံးသား မရှိဘူးတို့ ဘာတို့ ဒရမ်မာ လာမခင်းနဲ့,.,,,ဒါပဲ..

ဖုန်းလေးကိုင်ပြီး ဟဲလို ပဲပြောရုံရှိသေးသည် တစ်ဖက် စက်သေနတ်ပစ်သလို အလွတ်တမ်း Rapping တွေ ရွတ်လာသည့် ဂင်ထယ်ရယ် ၏ ဆူပူသံ....။ သူ့ဘာသာ ပြောချင်တာအကုန်ပြောပြီးသည်နှင့် ဖုန်းချသွားတာ တောင် မက်သရူး ဖုန်းကြီးကို နားနားကပ်ထားပြီး အသံတိတ်မျက်ရည်ကျကာ ပြုံးနေမိသည်..။

ဘယ်လောက်တောင် ကြာခဲ့ပြီလဲ.. သူ့ သူငယ်ချင်းရဲ့ ဒီလို ဆူညံသံတွေ မကြားခဲ့ရတာ...။

.

.

.

.

.

" မင်း..ချွမ်ရွေ့ ကို ဒုက္ခ သွားပေးပြန်ပြီမဟုတ်လား..."

ထယ်ရယ် က ခရီးရောက်မစိုက် မေးလိုက်သည့်အမေးကြောင့် ခေါင်းလေးကို ခါရမ်းကာ သနားစဖွယ် ရုပ်နဲ့မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြလိုက်သည်..။ နေပါဦးလား.. ဘာလို့ ငါ့ တစ်ဦးတည်းသော သူငယ်ချင်းကပါ ချွမ်ရွေ့ ဘက်ကလဲ...။

His Great WallWhere stories live. Discover now