V

396 51 130
                                    

" အာ့... ဆော့မက်သရူး.. ဖြည်းဖြည်းလုပ်စမ်း ! "

" ကိုကို လည်း ဖြည်းဖြည်းပဲ လုပ်နေတာပဲလေ ရွေ့ရွေ့ရဲ့... နာလို့လား.."

" ချီး.. မနာရှိမလား.. ခင်ဗျားအသားမဟုတ်တိုင်း.."

" အာ..အာ.. ကိုကို အားနည်းနည်းလျော့လိုက်မယ်လေ.. အခုရော.."

"* ကျစ်.. လက်သည်းတွေကို မညှပ်ဘူးလား... မင်း.. ငါ့ကို သေအောင် သတ်နေတာလား.."

" ညှပ်ထားပါတယ် ရွေ့ရွေ့ ရဲ့ ဒါဆိုလည်း ပွတ်ရုံပဲ ပွတ်ပေးမယ် ... အခုလောက်ဆိုဖြစ်လား..."

" ထားလိုက်... ရေဆေးချလိုက်တော့..."

" အွန်း...အဲ့ဒါဆိုလည်း ကိုကို ရေဆေးပေးမယ်.."

" အား..........အေးလိုက်တာ..!! ဆော့မက်သရူး ဒီလောက် အေးတာနဲ့ ဆေးရလား.. ခင်ဗျား ကျွန်တော့်ကို သေအာင် သတ်နေတာလား.. သောက်စေတနာ မရှိလည်း မလုပ်ပေးနဲ့... ထွက်သွား..."

" ကိုကို တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ဒီလောက်ဆိုရင်ရော မပူမအေး လေး?..."

" မြန်မြန် လုပ်... ခင်ဗျားလုပ်တာ နဲ့ ခေါင်းထဲ ရေဝင်ပြီး သေတော့မလားပဲ.. ခေါင်းလေး တစ်ခါလျှော် တာ လူသတ်သလိုပဲ...ဦးရေပြားတွေလည်းပေါက်ပြဲကုန်ပြီလားမသိဘူး..."

မက်သရူး သက်ပြင်းခိုးချလိုက်မိသည်..။ နောက်ဆုံးတော့ သူ ချွမ်ရွေ့ကို ခေါင်းလျှော်ပေးခြင်းအမှုဟာ အောင်မြင်စွာပြီးဆုံးလို့သွားခဲ့ပြီ..။ ချွမ်ရွေ့ က ပြီးခဲ့တဲ့ ၂ ရက်လောက်က ဘတ်စကတ်ဘော ကစားပြီးနောက်မှာ အသင်းရေချိုးခန်းထဲမှာ ချော်လဲသဖြင့် ဘယ်ဘက်လက်က ကောက်ဝတ်ဟာ အဆစ်လွဲသွားသည်..။

နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ပြဿနာမရှိပေမယ့် ခေါင်းလျှော်ခြင်းအမှုမှာတော့ ချွမ်ရွေ့ အခက်တွေ့ပုံရသည် ..အဲ့ဒါကြောင့် ဟန်ဘင်းဟျောင်း နဲ့ဒိတ်ဖို့မသွားခင် မက်သရူး ကို ခေါင်းလျှော်ပေးဖို့တောင်းဆိုလာသည့်အတွက် မက်သရူး လည်း ဂွန်းနု နဲ့ချိန်းထားတာကို ဖျက်ကာ ချွမ်ရွေ့ကို ခေါင်းလျှော်ခြင်းကိစ္စကို ကူညီပေးလိုက်ရသည်..။

ရေမထည့်ထားသည့် bath tube ထဲ အဝတ်အစားအပြည့်အစုံနဲ့ ဝင်လှဲနေပြီး မက်သရူး က သူ့ခေါင်းကို ရေဆေးပြီးသည်အထိ ချွမ်ရွေ့က တော်တော်လေးကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေတာကိုပဲ ကျေးဇူးတင်ရမည်..။ ဒါက မက်သရူး ဘဝမှာ ပထမဆုံး သူများကို ခေါင်းလျှော်ပေးဖူးခြင်းပဲ..။ တော်သေးတာပေါ့ ဘာပဲဖြစ်ဖြစ် သူ့မှာ ချွမ်ရွေ့ကို ကူညီပေးနိုင်တာလေး ရှိသေးလို့..။

His Great WallWhere stories live. Discover now