𐙚˚ ༘❀⋆

1.7K 169 5
                                    

နွေဦးမို့လေရူးများကမကြာခဏတိုက်ခတ်တတ်သည်။

အထူးသဖြင့်မနက်ပိုင်းအချိန်များတွင်ပိုပိုသာသာတိုက်ခတ်တတ်လေရာ စက်ဘီးစီးလာသောဆောင်းဟွန်းအဖို့ ပုံသွင်းလာသည့်ဆံပင်များကပွယောင်းကုန်ကာ နှာခေါင်းထိပ်များလည်းနီရဲကုန်သည်။

ဒါပေမယ့်အရာရာကိုအပြစ်လိုက်တင်လေ့မရှိတဲ့ဆောင်းဟွန်းကအေးအေးဆေးဆေးပါပဲ။ပုံသွင်းထားတဲ့ဆံပင်နဲ့မဟုတ်လည်းသူကကြည့်ကောင်းနေဦးမည်ကို သူကိုယ်သူသိသောကြောင့်ဖြစ်သည်။

ကျောင်းဝန်းထဲအဝင်တွင် ပုံမှန်စိတ်အခြေအနေသည် လေရူးအဝှေ့တွင်ပါလာသောချယ်ရီပန်းနံ့သင်းသင်းကြောင့် စိတ်ကြည်လင်မှုကထပ်ပေါင်းသွားပြီး ဆောင်းဟွန်း၏စက်ဘီးကချယ်ရီပင်တန်းနားကိုနီးလာပြီဖြစ်ကြောင်း မကြည့်ဘဲနဲ့တောင်သိနိုင်သည်။

ဆောင်းဟွန်းတို့ကျောင်းထဲရှိ ချယ်ရီပင်တန်းသည် တစ်ကျောင်းလုံးကပေါ်ပြူလာအဖြစ်ဆုံးနေရာဖြစ်ပြီး လူတိုင်းကဒီကျောင်းဟုဆိုလိုက်သည်နှင့် ချယ်ရီပင်တန်းနှင့်တွဲမြင်လေ့ရှိကြသည်။

ကျောင်းကိုခပ်စောစောလာတတ်သောအကျင့်ရှိသူဆောင်းဟွန်းကျောင်းဝန်းထဲရောက်သောအချိန်တွင် ကျောင်းသားများတစ်ယောက်စနှစ်ယောက်သာတွေ့နေရသည်။

ချယ်ရီပင်တန်းသို့ပိုနီးလာလေ လေထဲတွင်ပါလာသည့်က ချယ်ရီအနံ့သင်းသင်းအပြင် ပန်းနုရောင်ပွင့်ဖက်သေးသေးလေးများကပါ လွင့်ပါလို့လာသည်။

တချို့တလေကဆောင်းဟွန်းမျက်နှာကိုလာရောက်ထိကပ်သောအခါ ဆောင်းဟွန်းစိတ်လေးအနည်းငယ်တော့မကြည်မလင်ဖြစ်သွားရသည်။

သို့သော်သိပ်မကြာလိုက် ခေါင်းပေါ်ကကောင်းကင်ပြာပြာမြင်ကွင်းက ပန်းနုရောင်ကမ္ဘာအဖြစ်ပြောင်းလဲသွားပြီး ဆောင်းဟွန်းကိုချယ်ရီပင်တန်းကအုပ်မိုးချိန်မှာတော့ မကြည်လင်မှုများပျောက်ကွယ်သွားပြီး ပါးချိုင့်ရာမှိန်မှိန်လေးနှစ်ခုကဆောင်းဟွန်းပါးပေါ်တွင် မသိမသာပေါ်ပေါက်လာသည်။

ချယ်ရီပင်တန်းကအမှန်တော့ စာသင်ဆောင်တွေရဲ့ဆန့်ကျင်ဘက်မှာရှိတာဖြစ်သည်။ဒါပေမယ့်ဆောင်းဟွန်းကတော့ မနက်တိုင်းအဲ့ဒီနေရာကနေဖြတ်မောင်းလေ့ရှိပြီး အဲ့လိုလုပ်လိုက်ရမှတစ်နေကုန်စိတ်ကြည်လင်နေလိမ့်မည်ဟု အယူရှိသည်။

The Spring He Fell/SUNSUN/Where stories live. Discover now