ဆောလ်နူးဖန်ပုလင်းကိုဖွင့်လိုက်တဲ့အခါ ချယ်ရီပန်းနံ့သင်းသင်းနဲ့ပင်လယ်ဆားအနံ့တို့ပေါင်းစပ်ပြီး မထင်မှတ်ဘဲ ပိုပြီးတောင်သဘောကျဖို့ကောင်းတဲ့အနံ့တစ်မျိုးကဖြစ်ပေါ်လာသည်။
ဆောလ်နူးဖန်ပုလင်းထဲမှ ချယ်ရီပွင့်ဖက်ခြောက်အနည်းငယ်ကိုယူပြီး စားပွဲပေါ်မှာရှိနေတဲ့ရေနွေးကြမ်းဖန်ခွက်ထဲထည့်လိုက်သည်။
ပွက်ပွက်ဆူဟုမဆိုသာသော်လည်း သောက်နိုင်ရလောက်အောင်မအေးသေးသည် ရေနွေးပူပူကြောင့်ချယ်ရီနံ့သင်းသင်း အနီးအနားပတ်ဝန်းကျင်ကလေထုတစ်ဝိုက်ကိုပြန့်နှံ့သွားသည်။
ချယ်ရီတွေပွင့်သည့်နွေဦးရာသီမရောက်သေးသော်ငြား ချယ်ရီအနံ့ရနေရခြင်းသည် စိတ်ချမ်းမြေ့ဖွယ်တစ်ရပ်ပင်။
ပွင့်ဖက်အနည်းငယ်သာကျန်တော့သည့်ဆောလ်နူး၏ဖန်ပုလင်းလေးကိုကြည့်ရင်းနှင့်ပင် နွေဦးသို့ရောက်လာပြီဟုသောအသိကအနည်းငယ်မြင့်သောထိုင်ခုံတွင်ထိုင်နေသောကြောင့် တွဲလဲကျနေသောခြေထောက်များကိုပင်လှုပ်ယမ်းမိသွားသည်။
ရွင်မြူးလာသောစိတ်နှင့်အတူ ကင်းဗက်စပေါ်မှစုတ်တံကိုင်ထားသောလက်တော့သည်လည်းလျင်မြန်လာသည်။
ကင်းဗက်စပေါ်တွင်တော့ပန်းနုရောင်ခပ်များများပုံရိပ်တစ်ခုကစွန်းထင်နေသည်။
ဒီနှစ်ချယ်ရီတွေပွင့်ရင်တော့ အရင်နှစ်ကလူများလို့ဆိုပြီး မပို့ပေးခဲ့တဲ့ ချယ်ရီပွဲတော်ဆီ ဆောင်းဟွန်းကိုပို့ဖြစ်အောင်ပို့ပေးခိုင်းရမည်။
ဆောလ်နူးတို့ကျောင်းဝန်းထဲမှရှိတဲ့ချယ်ရီပင်တန်းဆီကတော့ ကျောင်းပြီးသွားလည်း နှစ်တိုင်းမရောက်မဖြစ်ပေမို့ ဟိုအတွဲကိုပါခေါ်ပြီးသွားရမည်။
ချယ်ရီပွင့်ချိန်ကုန်သွားလျှင် ဆောင်းဟွန်းကအခြောက်ခံထားသည်ချယ်ရီပွင့်ဖက်တွေပါတဲ့ ဖန်ပုလင်းတစ်ပုလင်းဆောလ်နူးကိုပေးမည်။
ပြီးရင်ဆောလ်နူးက သူ့အိပ်ရာဘေးကစင်လေးမှာတင်ထားပြီး တစ်ခါတစ်ခါဖွင့်ကြည့်မည်၊တစ်ခါတစ်ခါလည်း အခုလိုရေနွေးကြမ်းထဲထည့်သောက်ဖြစ်ပေလိမ့်မည်။
YOU ARE READING
The Spring He Fell/SUNSUN/
FanfictionPark Sunghoon × Kim Sunoo A Sunsun commission fic Written in Burmese By Chocomilkshake