𐙚˚ ༘❀⋆

800 113 10
                                    

𐙚˚ ༘❀⋆

"ပန်းစည်းကငါ့ကိုပဲပစ်ရမှာနော် ဂျောင်ဝန်းနီး"

ဆောလ်နူးမှသူ့လက်မောင်းကိုတင်းတင်းဆုပ်ကိုင်ကာလှုပ်ယမ်း၍ပြောနေသဖြင့် ဂျောင်ဝန်း၏မျက်နှာမှာမသက်မသာဖြစ်သွားရသည်။

ဂျေးဟျောင်းကိုကြည့်တော့လည်း ပြုံးပြုံးကြီးနှင့်သာပခုံးတွန့်ပြနေပြီးအားကိုးလို့မရ။ဆောင်းဟွန်းကတော့ပြောမနေတော့ပါဘုး ကင်မ်ဆောလ်နူးထိပ်ထားစံမို့ သူ့အလွန်သာဖြစ်သည်။

"ဒီတိုင်းမင်းကိုလာပေးလိုက်မယ်လေ မရဘူးလား"

ဂျောင်ဝန်းမရမှန်းသိသော်လည်း ဈေးစစ်လိုက်မိသည်။သို့သော်သူ့ကိုစိုက်ကြည့်နေတဲ့ဆောလ်နူး၏နှုတ်ခမ်းတွေကိုဆူပစ်သည်။

"မရပါဘူး...ငါကမင်းပစ်ပေးတာပဲဖမ်းချင်တာပါဆို.."

ဂျောင်ဝန်းလက်ထပ်ပွဲပြင်ဆင်နေချိန်အတောအတွင်း အကြပ်အရိုက်ရဆုံးကိစ္စမှာ ကင်မ်ဆောလ်နူးတောင်းဆိုချက်ပင်။

လက်ထပ်ပွဲအပြီးပစ်ပေးသည့်ပန်းစည်းကိုသူ့ဆီပစ်ပါတဲ့။ဂျောင်ဝန်းကလည်း နိုင်ငံ့လက်ပစ်ဘောသမားလဲမဟုတ် တခြားသူတွေအများကြီးလဲရှိမှာကို သူ့ဆီတည့်တည့်ရောက်အောင်ဘယ်လိုလုပ်ပစ်နိုင်မှာလဲ။ဒီတိုင်းယူလိုက်ပါဆိုတော့လဲမဟုတ်။တကယ်လို့ တခြားတစ်ယောက်သာရသွားခဲ့ရင်လည်း သူကစိတ်ကောက်ခံရဦးမည်။

"တခြားသူကဖမ်းမိသွားရင် ငါလည်းမသိဘူးနော်"

ဂျောင်ဝန်းကပြောပြီးနောက် တစ်ဖက်သူ၏အရိပ်အကဲကိုကြည့်လိုက်တော့ မဲ့ကျသွားသောနှုတ်ခမ်းတွေနဲ့အတူ သူလက်မောင်းပေါ်ကလျော့ရဲသွားတဲ့လက်တွေ။

"အင်းပါ"

"အင်းပါ" ဆိုသော်ငြားတကယ်ဖြစ်လာခဲ့ပါက စိတ်မကောင်းဖြစ်နေဦးမည်။

ဂျောင်ဝန်းမှာ‌ကင်မ်ဆောလ်နူးအိမ်ပြန်သွားသည်အထိစိတ်မအေးနိုင် သက်ပြင်းတချချဖြင့်သာရှိရင်းကျန်ခဲ့ရသည်။

ကင်မ်ဆောလ်နူးရစ်တာကိုခံမယ့်အစား သူရုံးချိန်းငါးခုလောက်သာသွားတတ်လိုက်ချင်ပါသည်။

The Spring He Fell/SUNSUN/Where stories live. Discover now