'အာ..နမ်းလိုက်ချင်တယ်..။'
ကင်မ်ဆောနူဆိုတဲ့ကောင်ကဘာလို့အဲ့လောက်တောင်လှရတာလဲမိန်းကလေးတွေထက်တောင်ပိုလှလေသေးတယ်..ဒီဂျပန်ကောင်ကအဲ့လောက်တောင်ချောတာလားအရင်ကဘာလို့မသိခဲ့တာလဲ
'ဘာတွေရှောက်တွေးနေတာလဲမင်းကောသူကောဂေးမဟုတ်ဘူးနော်'"အာ..ဒီလိုအိပ်တာအဆင်ပြေမယ်ထင်တယ်"
မိနစ်ပိုင်းလောက်အကြည့်ဆုံပြီးတိတ်ဆိတ်နေတဲ့လေထုကိုဆောနူမှဖြိုးထွင်းလိုက်ခြင်းဖြစ်သည်...။"အော်..အင်းအဆင်ပြေမယ်ထင်တာပဲ"
နီခီမှာလည်းဆောနူအသံကြားမှအသိ၀င်လာသယောင်..။အာ..နှုတ်ခမ်းဖူးဖူးလေးကလှလိုက်တာဆွဲသာနမ်းလိုက်ချင်တယ် ချယ်ရီရောင်နုခမ်းဖူးဖူးလေးကအရမ်းလှတာပဲ မျက်တောင်လေးတွေပေါ်မှာ၀ဲကျနေတဲ့ရွှေအိုရောင်ဆံပင်လေးတွေကသေစေလောက်တယ်..
အာ..ဒီနှုတ်ခမ်းထူထူလေးကိုနမ်းလိုက်ချင်လိုက်တာမျက်နှာပေါ်မှာ၀ဲကျနေတဲ့အနက်ရောင်ဆံသားလေးတွေနဲ့အရမ်းကိုလိုက်ဖက်နေလိုက်ပုံများဒါကြောင့်မိန်းကလေးတွေကဒီကောင်ကိုတန်းတန်းဆွဲဖြစ်နေကြတာကိုနှုတ်ခမ်းကအောက်ကမဲ့လေးကအစကြည့်လိုကောင်းနေတာပဲ
သူတို့၂ယောက်ရဲ့မျက်နှာချင်းကအရမ်းကိုမှနီးကပ်နေသောကြောင့်တစ်ယောက်၏အသက်ရှူသံတစ်ယောက်ကပြတ်ပြတ််သားသားပြန်ကြားနေရတဲ့အခြေအနေဖြစ်သည်..။
ဆောနူတစ်ယောက်၏နှလုံးခုံနှုန်းတွေမှာအလွန်မှမြန်ဆန်လာသည်..။
နီခီမှာလည်းထပ်တူပင်ဖြစ်သည်..။"ပြွတ်စ်"
ရုတ်တရက်နီခီမှဆောနူရင်ထဲလိပ်ပြာများထပြန်သွားသလိုခံစားရအောင်လုပ်လိုက်သည်..။"အာ..ငါစိတ်မထိန်းနိုင်__အွန်း"
နီခီ၏စကားမဆုံးခင်ဆောနူမှနီခီကိုပြန်၍နမ်းလိုက်ခြင်းဖြစ်သည်..။
"ဟက်"
မနမ်းတတ်နမ်းတတ်နဲ့နမ်းနေတဲ့ဆောနူကိုကြည့်ပြီးနီခီဟက်ခနဲတစ်ချက်ရီလိုက်မိသည်..။
ထိုနောက်အနမ်းများကိုရပ်ခါဆောနူ၏ခါကိုဖက်၍သူနှင့်ပိုနီးစေကာနားနားလေးကပ်ပြီး