Part 4(UNI+ZG)

263 10 0
                                    

နိုးလာတည်းကလူကဘာလို့မှန်းမသိ နာကျင်နေပြီး ခေါင်းကမတရားကိုက်နေသည်။ အဲ့တာထက် မနေ့ကဖြစ်ပျက်သွားတာတွေက အိပ်မက်လားတကယ်လားဆိုတာ မသဲကွဲပေ။ သူသိတာ သူ့ကိုနီဆွေးနေတဲ့ မျက်လုံးအစုံကစိုက်ကြည့်နေတယ် ဆိုတာကိုပင်။ ပြီးတော့ သူ့စိတ်ထဲမှာ တစ်ခုခုကလစ်ဟာနေသလို........

"ဘာမှမဟုတ်လောက်ပါဘူးကွာ၊ daddy ဆီသွားတာပဲကောင်းတယ်"

တစ်ကိုယ်ရည် တီးတိုးရေရွတ်ပြီး ရေချိုးခန်းထဲသို့ဝင်လာကာ ဝတ်ထားတဲ့အင်္ကျီကို ချွတ်လိုက်တော့ ကျောမှာ စကြာပုံစံ အမှတ်အသားတစ်ခု။ အဲ့တာကိုတော့ သူမသိပေ။ပြင်ဆင်ပြီး daddyရဲ့ ကုမ္ပဏီဆီသို့ ထွက်လာခဲ့တော့သည်။ ကုမ္ပဏီကိုရောက်တော့ မှုန်ကုတ်ကုတ်နှင့် ရပ်နေသော မိုးနှောင်းကိုတွေ့လိုက်တော့သည်။

"မိုးနှောင်း"

ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့ ငှက်မွှေးလေလွင့်လာသလို တလွင့်လွင့်နှင့် လျှောက်လာသော အလင်္ကာဖြစ်နေ၏

"ပေါ်တော်မူ မင်းဒီနေ့အလုပ်သွားမလျှောက်ဘူးလား"

"မသိဘူးကွ၊ ငါဒီနေ့ နေလို့သိပ်မကောင်းချင်လို့ အဲ့တာ daddy ဆီလာပြီး နည်းနည်းလေလောက်ငြီးပြမလို့"

စပ်ဖြဲဖြဲနှင့်ပြောနေတာမို့ နှဖူးပြေပြေလေးကို လက်နှင့်ခပ်ဖွဖွခေါက်လိုက်ပြီး

"အမလေး သူဌေးသား၊ ငါမပြောချင်ဘူး အဖေဖြစ်သူက ဒီမှာလုပ်ဆိုတော့မလုပ်ပဲ ‌ကုမ္ပဏီမှန်သမျှ အလုပ်လိုက်လျှောက်ပြီး အခုထိ အလုပ်လက်မဲ့ဖြစ်နေတုန်း"

"မင်းကလည်း ငါမှမလုပ်ချင်တာ၊ ဥက္ကဌသားဆိုပြီး ဟိုလူကဖား ဒီလူကဖားနဲ့ မကြိုက်ပါဘူး"

"အဲ့တော့ရော ဘယ်မှာရလည်းအလုပ်က တစ်နှစ်ကျော်နေပြီ၊ အဲ့ကုမ္ပဏီတွေကရော ဦးဘုန်းလက္ခမောင် ရဲ့သားကိုခန့်မှာတဲ့လား၊ စဉ်းစားလေ"

"အေးပါဟ တော်ပါတော့၊ မင်းရောလုပ်ရတာအဆင်ပြေရဲ့လား၊ daddy နဲ့ရောတွေ့သေးလား"

အထက်တန်းကျောင်းသား အရွယ်တည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေမို့ အလင်္ကာ့အဖေနဲ့လည်း မိသားစုလို ဖြစ်နေပီ့ဖြစ်၏ မေမေက မိုးနှောင်းကို မွေးပြီးပြီးချင်း ဆုံးသွားတာမို့ ဖေဖေတစ်ယောက်တည်းကသာ ပြုစုပျိုးထောင်လာတာဖြစ်သည်။ ဖေဖေကလည်း မိုးနှောင်း ဆယ်တန်းတက်နေတဲ့အချိန်မှာ ဆုံးသွားတာဖြစ်သည်။ အလင်္ကာတို့ကလည်း သားဖနှစ်ယောက်တည်းမို့လို့ မိုးနှောင်းကို မိသားစုဝင်တစ်ယောက်လိုသဘောထားကြ၏ ဖေဖေဆုံးတော့လည်း မိုးနှောင်းကို အလင်္ကာနှင့်အတူ ကျောင်းပြီးအောင်တက်ခိုင်းပြီး ဘွဲ့ရတဲ့အထိထောက်ပံ့ပေးခဲ့သည်။

MY ANGEL (Ongoing)Where stories live. Discover now