Part 18(Uni+Zg)

99 6 4
                                    

ဖြောင်း!!

"ခင်ဗျားမှာ ကျွန်တော့်အပေါ် အတင်းအကျပ်လုပ်ပိုင်ခွင့်မရှိဘူး!!"

အော်လိုက်တဲ့ မိုးနှောင်းရဲ့အသံက ဟိန်းထွက်သွားပြီး အနဂ္ဂ အနားသို့သွားကာ........

"အကို ရရဲ့လား"

"ရပါတယ်"

"ကျွန်တော် အကိုနဲ့လိုက်ခဲ့ပါ့မယ်"

"မိုးနှောင်းရိပ်သွင်!!"

သူ့ကိုတစ်ချက်တောင် လှည့်မကြည့်ပဲ အနဂ္ဂနဲ့အတူ ထွက်သွားတဲ့သူက တကယ့်ကိုပြောမနိုင်တော့ပေ။ ဒေါသတွေထွက်ပြီး အိမ်သို့ပြန်လာတော့ ဓနကစောင့်နေ

"ဓန ငါအဲ့လူကိုဘာလုပ်ရမလဲ"

"ဟို.......သခင်ကြီး မိုးနှောင်းကို မတင်းကျပ်ပါနဲ့လား၊ အဲ့လိုတင်းကျပ်နေတာက သူနဲ့ပိုဝေးကွာသွားနိုင်သလိုပဲ"

ဓန ကိုကြည့်လိုက်ပြီး စဉ်းစားလိုက်တော့ ဟုတ်တော့လည်းဟုတ်တာပဲ။ ငါတင်းကျပ်နေရင် သူကအနဂ္ဂဘက်ကို ပိုရောက်သွားမှာ။ ငါ့ကိုယ်ငါထိန်းလိုက်ရင် ရပါလိမ့်မယ်။

"ဓန"

"ဟုတ်ကဲ့"

"မိုးနှောင်းရိပ်သွင်က သူ့အိမ်မှာပဲပြန်နေချင်တာမလား၊ နေခွင့်ပေးလိုက်"

"ဗျာ.....ဟုတ်ကဲ့ပါ"

မင်းငါနဲ့ဝေးရင်နေနိုင်ပါ့မလား ကြည့်ကြသေးတာပေါ့လေ။

>>>>>>>>>

"အကို တောင်းပန်ပါတယ်နော်၊ ကျွန်တော့်ကြောင့်နဲ့ပဲ အထိုးခံနေရတာ"

"ဘာမှမဖြစ်ပါဘူး"

"သူက ဘာဖြစ်ချင်နေမှန်းကိုမသိဘူး၊ အမြဲတမ်း အကို့ပေါ်ဆို ဒေါသကြီးနေတာ၊ သူနဲ့ပြဿနာတွေများ တက်ထားလားဟင်"

"ဟက်! အချိန်တန်တော့ သိမှာပါပဲ"

ကားဆီသို့လျှောက်လာကြရင်း ရှေ့တည့်တည့်ကနေ ဖိုင်တွေအထပ်လိုက် သယ်လာတဲ့ အလင်္ကာကိုတွေ့လိုက်တော့၏ သူတို့ကိုမြင်တော့ ရပ်တန့်သွားတဲ့သူက နည်းနည်းလေးတောင် မလှုပ်တော့ပေ။ အလင်္ကာကိုတွေ့တော့ မိုးနှောင်းက သူ့ဆီသို့ပြေးသွားတော့၏

MY ANGEL (Ongoing)Where stories live. Discover now