Part 14(Uni+Zg)

97 7 8
                                    

🚨ရိုင်းစိုင်းသော စကားအသုံးအနှုန်းတွေပါဝင်တာကြောင့် အဆင်ပြေမှဖတ်ကြပါ🚨

"ဓန"

"ဗျာ သခင်ကြီး"

"ဟိုဘက်က ဘာထူးသေးလဲ"

"ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူး၊ ဒါပေမယ့်........."

တစ်ခုခုကိုပြောဖို့ စဉ်းစားနေတာကြောင့် ဓနကိုလှည့်ကြည့်လိုက်တော့ သူနဲ့မျက်လုံးချင်းတောင် မဆုံတော့ပေ။

"ဘာပြောမှာလဲ၊ မြန်မြန်ပြော"

"အဇ္ဇ"

နောက်ကခေါ်သံကြောင့် လှည့်ကြည့်တော့ သူ့ကိုကြောင်ပြီးကြည့်နေတာကြောင့် ဓနကိုလုပ်စရာတွေသာ သွားလုပ်ခိုင်းလိုက်တော့၏

"ဘာဖြစ်လာတာလဲ"

"ဘာမှမဖြစ်ပါဘူး၊ ပျင်းလို့ပါ၊ ကုမ္ပဏီကိုလည်း မသွားရဘူးလေ"

"မိုးနှောင်းရိပ်သွင်"

"အင်း"

"ငါနဲ့အတူ အပြင်သွားကြမလား"

"ဘယ်ကိုလဲ"

ခေါ်လာတဲ့နေရာကိုကြည့်လိုက်တော့ ကစားကွင်း။

"တကယ်ကြီးလား"

"အင်း"

"ခင်ဗျားက ဒီလို‌ေနရာတွေလည်းလာတတ်သေးတာလား"

"ကျစ်! ငါ့ကိုဘာမှတ်နေလဲ"

"ဘာမှမမှတ်ပါဘူး၊ မှတ်ချင်စရာလည်း မရှိပါဘူး"

"မင်းကငါ့ကို အထင်သေးနေတာလား"

"ဟား ဘယ်သူကအထင်သေးနေလို့လဲ၊ ခင်ဗျား အဲ့လောက် ကိုယ့်ကိုကိုယ် အထင်ကြီးနေရင်.......ဟိုမှာတွေ့လား၊ သရဲအိမ် ခင်ဗျားဝင်ရဲလား"

"ဟက်! မင်းဝင်ရဲမှ ငါ့ကိုလာမေး"

"ခင်ဗျားပြောတာနော်"

သရဲအိမ်သို့သွားလိုက်ပြီး အပေါက်ဝမှာရပ်နေတဲ့ကောင်လေးအား...

"ညီလေး၊ ဘာမှကြောက်စရာမကောင်းဘူးမလား"

"ဒါပေါ့ အကိုကလည်း၊ ဝင်သွားလိုက်ပါ"

"ခင်ဗျား....ကျွန်တော့်နောက်လိုက်ခဲ့"

ရှေ့ကနေ ဘောက်ဆတ်ဘောက်ဆတ်နဲ့ သွားတဲ့သူနောက်ကနေ လက်ကိုနောက်ပစ်ပြီး ခပ်တည်တည်နဲ့လိုက်သွားတော့၏

MY ANGEL (Ongoing)Where stories live. Discover now