အပိုင်း၂၇..
"ဖယ်စမ်းပါ ခဗျား.!"
"ဘေဘီကကွာ "
ဒီမနက်ကတည်းကဒီပါ့မယ်ချော့နေရတာမပြီးနိုင် မီတင်တွေအကုန်လုံးကိုပါဖျက် companyလဲမသွားပဲသူ့ကိုချော့နေရတာကိုအခုထိမပြေသေးတာပင်
ဖြစ်ပုံကဒီလို
ဒီပါ့ရဲ့အရင်အဆက်ဟောင်းထဲက ဒီပါအကြာဆုံးတွဲခဲ့တဲ့ကောင်မလေးကအခုသူတို့နှစ်ယောက်မဆိုင်တော့တာကို ဒီပါ့ကိုပြန်ကပ်လာတာ၂ပတ်လောက်ရှိနေပြီ မိန်းကလေးမလို့ကောသူ့အဖေကဒီပါ့ရဲ့ business partnerမလို့ပါဘာမှသိပ်လွန်လွန်ကျွန်ကျွန်မပြောပဲရှောင်နေတာ ဘေဘီ့ကိုမပြောတာလဲအဲ့တာပါတယ်ဘေဘီသာသိရင်ဝုန်းဒိုင်းတွေကြဲမှာမလို့ဖုံးထားပါတယ်ဆိုမှ
ဒီမနက်ဟိုဘက်ကဒီပါ့ဖုန်းကိုဆက်တော့ဒီပါရေချိုးတုန်းအဲ့တာနဲ့ဘေဘီပဲကိုင်လိုက်ပြောလိုက်မိပါတယ် ဟိုဘက်ကမိန်းမကဘာတွေပြောလိုက်လဲတော့မသိပါဘူး အဲ့ကတည်းကပြတ်မယ်တွေလုပ်လို့ဒီပါ့မယ်ခြေမကိုင်မိလက်မကိုင်မိ
"ကျုပ်နဲ့ခဗျားနဲ့ပြတ်မှာ"
"မပြတ်ပေးဘူး"
"မနက်ကခဗျားရဲ့ဟာမနဲ့ဆီပဲသွား"
"မဟုတ်ဘူး ဘေဘီကိုကိုပြောပြထားတယ်လေသူကကိုကို့အဆက်ဟောင်းကိုကိုနဲ့မဆိုင်တော့ဘူး"
"အဲ့တာဆိုလီးဖြစ်လို့အဲ့ဟာမက ခဗျားဖုန်းကိုဆက်ပြီးကုတင်ပေါ်ကကိစ္စတွေအထိပါပြောတာလားဟမ်"
"ဘေဘီ မဟုတ်-"
ဒီပါဘယ်လောက်ရှင်းပြရှင်းပြကောင်းကနားမဝင်တော့ပါသွေးပူနေတဲ့အချိန်မလို့ပါလေဆိုပြီး ဒီပါဘေဘီ့ကိုခနအလျော့ပေးလိုက်ရသည်။
"ခဗျားမပြတ်လဲကျုပ်ပြတ်တယ်"
ဆိုပြီးပြောကာ ကားနဲ့ဝူးခနဲထွက်သွားတဲ့ဘေဘီကြောင့်ဒီပါစိတ်ထဲဘဝင်မကျ အခုချိန်လွှတ်ထားမှရမှာမလို့ဒီပါသူ့တပည့်တစ်ယောက်ကိုဘေဘီ့နောက်လိုက်ချောင်းပေးရန်မှာရသည် တော်ကြာပြသာနာတွေတက်ကုန်မှဒုက္ခရောက်မှာကဘေဘီသာ
တစ်နေကုန်ဘာမှမဖြစ်ပဲညကြဘားရောက်သွားပြီးမှောက်နေရုံတင်မဟုတ်လာပြီးရှုပ်တဲ့ကောင်တွေနဲ့ပါဘေဘီကမငြင်းပဲပွတ်သီးပွတ်သတ်လုပ်နေကြောင်းသိရတော့ ဘားကိုအရူးတပိုင်းပြေးရပြန်ပြီ
YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]
Подростковая литератураခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်