အပိုင်း၁၅..
ဒီအိမ်ထောင်က ချစ်မေတ္တာတို့မပါပဲတည်ဆောက်ခဲ့ရပေမဲ့....
ယောင်္ကျားလေးနှစ်ဦးတည်ဆောက်ခဲ့တဲ့အိမ်ထောင်ရေး..အချစ်မေတ္တာတွေမပါခဲ့တဲ့အိမ်ထောင်ရေး..သို့ပေမဲ့..နှစ်ဦးတစ်ယောက်နဲ့တစ်ယောက်အတူအနီးကပ်အချိန်တော်ကြာဖြတ်သန်းပြီးတဲ့အခါ..အရင်လိုခါးခါးသီးသီးမဟုတ်ကြတော့ဘူး အခုနောက်ပိုင်းဆို တချို့သောအရာတွေကိုပါနှစ်ယောက်သားတိုင်ပင်လာကြပြီ။
"ဒီညနေအားလား"
"ကိစ္စများရှိလို့လား"
"ထွေထွေထူးထူးရယ်မဟုတ်ဘူး ဒီနေ့ပွဲတော်ရက်ပန်းခြံမှာမီးရှူးမီးပန်းတွေဖောက်မှာ စိတ်အပန်းဖြေသွားကြည့်မလို့လိုက်ဦးမလား"
"..."
အခုရက်ပိုင်းလူကြီးကစိတ်ရှုပ်နေသလိုခံစားရတာနဲ့စိတ်အပန်းဖြေ ပွဲတော်ကိုညဘက်တစ်ယောက်ထဲသွားရမှာအလွန်အထီးကျန်ဆန်လွန်းသည်။ခန့်နဲ့ကောင်းမှာလဲအားကြတာမဟုတ်လို့ သူတို့ကိုလဲမခေါ်ဖြစ်။ရှိုင်းကုဋေကိုခေါ်ရင်တော့ နှစ်ခါပြောစရာမလိုမှန်းသိပေမဲ့လို့...ထိုလူနဲ့သွားချင်မိတယ် ဘယ်လိုဖြစ်တာပါလိမ့်။
"ရတယ်မအားရင်လဲ ငါရှိုင်းကုဋေကိုပဲ-"
"ဘယ်သူကမအားဘူးပြောသလဲ သွားမယ်ညကြ"
မကြိုက်ပါဘူး အဲ့ဒီရှိုင်းကုဋေဆိုတဲ့ကောင်!!
အဲ့ကောင်ကိုမင်းနဲ့လဲအတူတွဲမမြင်ချင်ဘူး--------------------------------------------------
အကိုသစ္စာနဲ့မတွေ့ရတာ၂ရက်၊၆နာရီနဲ့၃၆မိနစ်ပင်ရှိလေပြီ..အင်းအကိုကတမင်များရှောင်နေသလားစိတ်ကအရင်ကတည်းကပင် ကိုယ်လိုချင်လျှင်ရအောင်ယူတတ်တဲ့စိတ်ကြောင့်ပင်...ကာမပိုင်ရှိပြီးသားလူဆီကမဖြစ်နိုင်တာတွေမျှော်မှန်းရတာ သူတို့တစ်ယောက်နဲ့တစ်ယောက်မေတ္တာမရှိကြဘူးပဲပြောပြော.."သက်ဆိုင်သူ"ရှိတယ်ဆိုတဲ့အကြောင်းအရာကြီး..အင်း စစ်ပွဲမစသေးဘူးမြှားကုန်နေပြီဆိုတာမျိုး..
အားပါးပါး မနက်စောစောငါဘာတွေတွေးနေမိပါလိမ့်...ကြိုးစားရမှာပေါ့..ချစ်မိတာကိုး..
YOU ARE READING
My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]
Roman pour Adolescentsခွန်းသမိုးညို × သစ္စာမှိုင်းလွန် အရေးအသားမကောင်းခြင်း၊[+]အခန်းများမြောက်များစွာပါဝင်ပြီး ကိုယ့်အတွက်ဘာအကျိုးမှရမည်မဟုတ်တဲ့စာဖြစ်သည်နှင့်အညီ မကြိုက်လျှင်အတင်းမဖတ်စေလိုပါ။ #ကမာကောင်