PART31 [U]

3.8K 180 12
                                    

အပိုင်း၃၁...

မင်္ဂလာပွဲကပြန်လာကတည်းက သစ္စာပင်ပန်းပြီးဘာမှကိုမလုပ်ချင်တော့သည်အထိ အင်္ကျီပေါ့ပေါ့ပါးပါးလဲပြီးကုတင်ပေါ်အနားယူမိသည်။အခုမှသူကျောဆန့်ရသည်ကို မျက်စိစုံမှိတ်ပြီးအိပ်ပျော််ဖို့ကြိုးစားတာလဲအကြိမ်ကြိမ်..

အမြင်အာရုံဟာမှောင်မဲနေမဲ့အစားထိုလူရဲ့ပုံရိပ်တွေကသာအပြေးအလွှားဝင်ရောက်လာသည်။တော်တော်ဒုက္ခပေးသည့်လူ..

ထိုလူ့ထက်မပြတ်သားနိုင်တဲ့ကိုယ့်စိတ်ကိုသာပို၍မုန်းတီးမိသည်။ကိုယ့်ကိုကိုယ်အထင်ကြီးပြီးသူရှိသည့်ပတ်ဝန်းကျင်ကိုပြန်ခြေဆန့်မိပါတယ် မိနစ်မျှသာထိုလူ့ကိုမြင်လိုက်ရရုံနဲ့ သူကြိုးစားခဲ့သည့်အချိန်၂နှစ်ကဘာမှအရာမထင်ခဲ့ပေ..မုန်းသည်မုန်းသည်လို့လာရေရွတ်နေပေမဲ့မိုက်ရူးရဲဆန်လွန်းတဲ့နှလုံးသားကနောက်တစ်ချိန်ရူးမိုက်ချင်နေသေးသည်။

မဖြစ်နိုင်တော့ပါဒီဘဝတော့သူတို့နှစ်ယောက်ပြန်ပေါင်းဖို့ဆိုတာမဖြစ်နိုင်..သူအဲ့လောက်တော့အရှက်ရှိပါသေးသည်။

အတွေးပင်လယ်ထဲမှာအတော်ကြာနစ်မျှောပြီးကာမှသက်ပြင်းရှည်တစ်ချက်သာချကာ ဖြစ်လာမဲ့အရာတိုင်းအတွက်ကိုယ့်ကံသာကိုယ်ယုံကြည်လိုက်ရန်ဆုံးဖြတ်လိုက်ပြီ။

ကိုယ့်မွေးရက်မြေပြန်ရောက်ခိုက်အလည်အပတ်များသွားခဲ့ပြီး မတွေ့တာကြာပြီဖြစ်တဲ့မိတ်ဆွေတွေနဲ့ပါပြန်ဆုံဖြစ်သည်။

သစ္စာရဲ့ကားလေးက သူအရင်ကသိပ်ရင်းနှီးလှတဲ့ပန်းဆိုင်လေးရှေ့တွင်ရပ်သွား၏..ဆိုင်လေးကိုမြင်တာနဲ့တချိန်ကအမှတ်တရတွေကိုပြန်မြင်ယောင်လာသည်..ဒီနေရာလေးကသူ့အတွက်သိပ်အရေးပါခဲ့သည်။အခုထိမပြောင်းလဲတဲ့ဆိုင်လေးကသဘောကျဖွယ်အတိ..ဒီ‌ဆိုင်ရဲ့ဘယ်နေရာမဆိုသူတို့ခြေရာတွေရှိခဲ့ပါသည်။

ဆိုင်ထဲဝင်သွားတော့လဲ မပြောင်းလဲသေးသောဆိုင်ပိုင်ရှင်လေးကရှိနေသေး‌သည်..သစ္စာကိုမြင်သည့်အခါအတင်းပြေးလာဖက်သည့်အကို..

"သစ္စာ ပြန်လာပြီပေါ့.."

"ဟုတ်ကဲ့ဗျ ပြန်လာပါပြီ.."

My husband is my enemy (ငါ့ယောင်္ကျားက ငါ့ရန်သူ) [ U/Z ]Where stories live. Discover now