Forever and a day

255 21 1
                                    

၂၀၂၃၊ June ၇ ရက်၊ ည ၁၀ နာရီ...

Phuwin tang တစ်ယောက် ဖုန်းဆက်ရမှာကို နည်းနည်းတော့ ချီတုန်ချတုန်ဖြစ်မိတယ်။
ဒါပေမယ့် ကိုကို Pond မျက်နှာကိုမြင်ယောင်မိတော့လည်း 'မတတ်နိုင်ဘူးကွာ ကြိုးတော့ကြိုးစားကြည့်သေးတာပေါ့' ကိုယ့်ဘာသာအားပေးရင်း ဖုန်းခေါ်လိုက်တယ်။ တစ်ဘက်က မကိုင်သေးခင် ဖုန်းဝင်ပြီးမြည်နေတဲ့ အသံကို တစ်သက်လောက်ကြာ​​တယ်လို့တောင် ထင်မိတယ်။

"ဟယ်လို အေး.. Phuwin ပြော ။ ညဥ့်နက်ကြီးကျမှ ဘာလဲ မနက်ဖြန်ပွဲအတွက်ကို ထပ်ပြီး မှာတမ်းခြွေအုံးမလို့လား။"

တစ်ဘက်က သူကောင့်သား Winny က သူထင်တာသူ စွတ်ရွတ်ပြောနေတော့ နည်းနည်းတွန့်သွားပေမယ့် ပြောမယ့်ဟာကိုတော့ ပြောကိုပြောရမှာပဲ။

"အေး.. ဟေ့ကောင် Winny ရာ မနက်ဖြန်ပွဲကိစ္စတော့ဟုတ်တယ်။ ငါကွာ.. မလာဖြစ်ရင်ရမလားလို့ကွာ.. ဟိုဟာ..."

"ဘာ....."

စကားတောင်ဆုံးအောင် မပြောရသေးဘူး ဟိုဘက်က Winny အော်သံကြောင့် နားကွဲတော့မယ်။ ပြီးတော့ ဟိုဘက်ကနေ တရစပ်ဆက်ပြောနေလိုက်တာများ ရေပက်မဝင်...။

"ဘာလဲ.. မင်းက ခုချိန်ကျမှ ဘာထဖောက်တာလဲ။ မနက်ဖြန်ကန်မယ့်ပွဲက လက်စားပြန်ချေရမယ့် တစ်ကယ့် မကျေပွဲဆို။ အဲဒီ Law အသင်းက မနှစ်တုံးက ငါတို့ကိုနိုင်သွားလို့ မကျေနပ်ဆုံးက မင်းပဲမဟုတ်ဘူးလား။ ဒီတစ်ပတ်လုံး ဘယ်လိုကန်လိုက်မယ်တွေ ဘယ်လိုအနိုင်ပိုင်းလိုက်မယ်တွေနဲ့ ငါတို့အကုန်လုံး နားငြီးအောင် သြဝါဒခြွေနေရာကနေ ဘာ.. လာမကန်တော့ဘူး ဟုတ်လား.. စိတ်ဖောက်ပြန်သွားတာလား။ အား....ငါသိပြီ သိလိုက်ပြီ.. မင်းကို ခုလိုမျိုး ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်တာဆိုလို့ တစ်ယောက်ပဲရှိတယ်။ မင်းကိုကိုနဲ့ပတ်သက်နေတယ် မဟုတ်လား.. ပြောစမ်း။"

သူက ဟိုဘက်ကနေ ရှယ်တင်းပြနေတော့ Phuwin ခမျာ လေသံပျော့လေးနဲ့ပဲ....

"ဟုတ်တယ်ကွာ.. ကိုကိုက မနက်ဖြန်ပြန်လာမယ်လို့ ကိုကို့မေမေက ညနေကမှ ပြောလို့ကွာ။ အစက နောက်တစ်ပတ်ကျမှ ဟိုမှာ ပစ္စည်းတွေအကုန်သိမ်း လျှောက်လည်ပြီး အေးအေးဆေးဆေးမှ ပြန်လာမယ်ဆိုပြီးကွာ.. ခုကျ surprise ဆိုပြီး မနက်ဖြန်ပြန်လာမှာတဲ့။ အဲဒါ အန်တီကယောင်ပြီး ငါ့ကိုပြောမိသွားတာ။ငါလည်း surprise ဆိုပြီး လေဆိပ်မှာသွားကြိုချင်တာကွာ အဲဒါ...."

Forever and a dayKde žijí příběhy. Začni objevovat