၂၀၂၄၊ June ၂၄ ရက်
Paris ကနေ Thai ကို သွားမယ့် လေယာဥ် ပေါ်မှာ တစ်ယောက်ထဲ ငေါင်စင်းစင်းနဲ့ ထိုင်နေရတဲ့သူကတော့ ကျွန်တော် Phuwin tang ပဲဖြစ်ပါတယ်။ ဖြစ်ပုံက ဒီလိုဗျ၊ ကျွန်တော့မှာ အစ်ကိုဝမ်းကွဲတစ်ယောက်ရှိတယ်၊ Tay tawan တဲ့။ သူက အလုပ်ကိစ္စနဲ့ Paris ကိုသွားရမှာ၊ အဲဒါ semester တစ်ခုပြီးလို့ ကျောင်းခနပိတ်ထားပြီး လတ်လျားလတ်လျားအားနေတဲ့ ကျွန်တော့ကို အိမ်က သူနဲ့အဖော်ရအောင်ဆိုပြီး ထည့်လိုက်ရော။ အစက exam ပြီးလို့ အားသွားရင် Thesis ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ ကိုကို Pond ကို ၂၄နာရီ ဘေးကနေ ရေပူရေချမ်းကမ်းလှမ်းဖို့ ကြံစည်ထားတဲ့ ကျွန်တော့မှာ အိမ်ကမိဘတွေ အမိန့်ဆိုတော့လည်း လိမ်လိမ်မာမာနဲ့ လိုက်သွားရရော။ ကျွန်တော့ကိုကိုပါ Paris ကို အတူတူ လိုက်လာလည်လို့ရရင် ဘယ်လောက်ပျော်စရာကောင်းမလဲဗျာ။ ခုတော့ကျွန်တော့မှာ လျှောက်လည်နေရပေမယ့် စိတ်ကသိပ်မဖြောင့်ဘူးရယ်၊ ကိုကို စာလုပ်ရတာ အဆင်မှပြေရဲ့လားဆိုပြီး စိတ်ကထထပူနေလို့ အေးအေးဆေးဆေးတောင် မပျော်ရဘူး။
ဒီကြားထဲ သူ့အလုပ်တွေပြီးသွားတော့ အိမ်ကအစ်ကိုတော်က တစ်ခြားနိုင်ငံတွေပါ ပတ်လည်အုံးမယ်ဆိုပြီးလုပ်တာ၊ သူ့ရည်းစားရယ် အပေါင်းအသင်းတွေရယ် ရောက်ချလာပြီး ကျွန်တော့ကိုပါ သူတို့နဲ့လိုက်လည်ဖို့ ဇွတ်ခေါ်နေကြလို့ မနည်းရအောင်ပြောပြီးပြန်လာရတယ်။ ဟုတ်တယ်လေ သူများအတွဲကြားထဲ ဝဋ်လည်အောင် လိုက်မရှုပ်ရဲပါဘူး။ ကိုကို့ကို လွမ်းတာလည်းပါတာပေါ့ဗျာ၊ ဟိုရောက်နေတုံးကလည်း ကိုကိုက အလုပ်ရှုပ်နေပြီးမအားမှာစိုးလို့ ဖုန်းတောင် အကြာကြီးမပြောဖြစ်ပါဘူး၊ ခနပဲပြောပြီး မြန်မြန်ပြန်ချရတယ်။ သူ့ idol Wang yibo ကို Paris မှာ တွေ့ခဲ့တယ် ဆိုတာတောင် မကြွားရသေးဘူး၊ ပြန်ရောက်လို့တွေ့မှပဲ သူမနာလိုဖြစ်အောင် ပုံတွေပြရအုံးမယ်။ အရင်ကပြောဖူးတယ်ထင်တာပဲ၊ ကျွန်တော့ကိုကိုက အကရူးရူးနေတယ်ဆိုတာ၊ သူ့ကိုချစ်လို့ စ,ပြီးလျောက်ပြောတာပါ အကရူးတာတော့မဟုတ်ပါဘူး၊ dancing ကို crazy ဖြစ်တယ်ပေါ့ဗျာ။ သူက Wang yibo ကတာကို အသေကြိုက်တာ တစ်ခြားသူကြိုက်တဲ့ kpop idol တွေလဲ ရှိသေးတယ်၊ အများကြီးပဲ။ ကျွန်တော်ကတော့ တစ်ခါတစ်လေ guitar တို့ piano တို့တီးတတ်ပေမယ့် အားရင် game ဆော့တာတို့ ဘောလုံးသွားကန်တာတို့ပဲ များတာဆိုတော့ သူကြိုက်တဲ့သူတွေကိုလည်း အကုန်မသိပါဘူး။ ပြောနေလက်စတောင် ဘယ်နားရောက်သွားမှန်းမသိတော့ဘူး၊ အဲဒီတော့ ပြောချင်တာကဗျာ ကျွန်တော့ကိုကိုကို လွမ်းလွန်းလို့ အိမ်က အစ်ကိုတော်ကိုရော စရိတ်ငြိမ်း ဥရောပခရီးစဥ်ကိုရော တာ့တာ့ပြပြီး တစ်ယောက်တည်း ပြန်လာခဲ့တဲ့ ကျွန်တော် Phuwin tang ပါ။