အပိုင်း - ၄

244 16 2
                                    

ဝမ်ဝမ် ကိုကိုရှိရာ ရှောင်းအိမ်တော်ကထွက်လာတာ နှစ်ရက်ရှိပြီ...၊ သို့ပေမယ့် လိုရာခရီးကို မရောက်သေး။ ဝမ်ဝမ် အခု ကိုယ့်ဇာတိရွာလေးကို ပြန်လာခြင်းဖြစ်သည်။ ပေကျင်းနှင့်ဆို အလွန်ဝေးလန်ခေါင်သီသော ရွာငယ်လေးဖြစ်တာကြောင့် သွားလာရအတော်ကိုပင်ပန်းပါသည်။ အိမ်ကထွက်လာကတည်းက စိတ်ထောင်းကိုယ်ကြေဖြစ်နေတာကြောင့် ဖျားနေသော ဝမ်ဝမ်ဟာ ဒုက္ခိတလေးလည်းဖြစ်တာကြောင့် ဒီခရီးက တော်တော်ဒုက္ခရောက်စေသည်။ ငယ်စဉ်ကတည်းက ထွက်လာခဲ့သောရွာလေးဖြစ်တာကြောင့် အမည်နာမကိုမမှတ်မိသော်ငှား လမ်းများကိုတော့ အနည်းငယ်မှတ်မိပါသေးသည်။ ၈ နှစ်တာ အတောအတွင့် ပြောင်းလဲမှုများရှိပေမယ့် ဝမ်ဝမ် ရွာလေးကိုလှမ်းမြင်နေရပါပြီ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ရွာလေးဖြစ်တာကြောင့် ခြေထောက်သာအားကိုးရသောအခါ ဝမ်ဝမ် လဲကျမတက်ပင်ပန်းနေပြီ။ လှမ်းမြင်နေရသော အကွာအဝေးကြောင့် အားတက်ပြီး ဝမ်ဝမ် ထော့နဲ့ထော့နဲ့နှင့် အမြန်လျှောက်လာခဲ့သည်။
ရွာလေးထဲ အဝင်လမ်းမအပေါ်ရောက်တာနှင့် ဝမ်ဝမ် အားလျှော့လိုက်ကာ ပစ်လဲသွားတော့သည်။

' ဟဲ့ လုပ်ကြပါဦး ဒီမှာ ကလေးတစ်ယောက် လဲနေတယ် '

ဟင်ရွက်ခူးပြီးပြန်လာသော လုံကျင်းက မိမိရှေ့၌လဲနေသော ကလေးကို ကြည့်ပြီး ရွာထဲကို လှမ်းအော်လိုက်သည်။ လုံကျင်း အသံကြောင့် ရွာထဲရှိလူများ ထွက်လာကြပြီး ကလေးငယ်အနား ဝိုင်းလိုက်ကြသည်။
လုံကျင်း လက်ထဲမှ ဟင်းရွက်များကို တစ်ယောက်ကိုပေးပြီး လဲကျနေသော ကလေးငယ်ကို ပွေ့ထူလိုက်သည်။

' ကလေးငယ်.... ကလေးလေး '

ဘယ်လိုခေါ်ခေါ် ထူးမလာသည့် ကလေးငယ်က တစ်ကိုယ်လုံးပူခြစ်နေသေးသည်။

' ဟဲ့ရေ... လုပ်ကြပါအုန်း ကလေးကဖျားနေတယ်ဟ ပူခြစ်နေတာပဲ ... ကျောက်ကောင်း လူချီစမ်း ဘုန်းဘုန်း ဆီခေါ်သွားရအောင် '

လုံကျင်း တူဖြစ်သူ  ကျောက်ကောင်းကို ခေါ်လိုက်တော့ ကျောက်ကောင်းက အဒေါ်ဖြစ်သူ ရင်ခွင်ထဲ သတိလစ်နေသော ကလေးကို အသာပွေ့ချီကာ ဘုန်းဘုန်း ရှိရာကျောင်းသို့ အမြန်လှမ်းသွားသည်။ နောက်မှာ ကျန်ခဲ့သော လူအုပ်များကလည်း စုတ်တသတ်သတ်နှင့် လုံကျင်းနှင့် တခြားအသက်အရွယ်ကြီးသော လူကြီးတစ်စုကတော့ ကျောက်ကောင်း နောက်သို့လိုက်လာကြသည်။

ကိုကို တောင်းပန်ပါတယ် ဝမ်ဝမ်Where stories live. Discover now