အပိုင်း (၂ )

205 16 2
                                    

ရိပေါ်ရဲ့ တစ်နေ့တာလုပ်ငန်းစဉ်တွေထဲမှာ ကိုကို့ ကိုရှောင်နေဖို့အလုပ်တစ်ခုတိုးလာတယ်။ ထမင်းစားချိန်ဆုံရင်တောင် စိတ်ရှုပ်သလိုကြည့်တတ်တဲ့ ကိုကိုကြောင့် ပါး မား တို့နဲ့ပါ လက်စုံမစားဖြစ်တာ ရက်အတော်ကြာခဲ့ပြီ။ ပါးနဲ့မားကလည်း ဘယ်လိုမှဖြောင်းဖျလို့မရတဲ့ ကိုကိုကြောင့် စိတ်ပင်ပန်းနေတာ ဝမ်ဝမ် မကြည့်ရက်တော့တာကြောင့် ထမင်းချက်အဒေါ်ကြီးတို့နဲ့ပဲ ထမင်းအတူစားတော့သည်။
ဝမ်ဝမ် ဝမ်းအနည်းဆုံးက ဝမ်ဝမ် ဒုက္ခိတတစ်ယောက်ဆိုတာ ကိုကို သိသွားသည့်နေ့က လှောင်ရယ်ခဲ့တာကို ဝမ်ဝမ် ဝမ်းအနည်းဆုံးနေ့ဖြစ်ခဲ့သည်။ထိုနေ့ကနေ တစ်ပတ်တိတိ ဝမ်ဝမ် အခန်းထဲမှအပြင်မထွက်ခဲ့ ။ အားငယ်သည်။ ဝမ်ဝမ့်ရဲ့ ပါးပါးအရင်းကိုလည်း သတိရစိတ်ကြောင့် ဝမ်ဝမ် အဖျားပါဝင်ခဲ့သည်။

' ခွမ်း....'

နို့ခွက်လေးကိုင်ကာလှည့်အထွက် ရုတ်တရက်တိုက်မိသော ရင်ခွင်တစ်ခုကြောင့် ဝမ်ဝမ့် လက်ထဲက နို့ခွက်လေးကျကွဲသွားသည်။ ရင်ခွင်ပိုင်ရှင်ကိုမော့ကြည့်လိုက်တော့ ကိုကို.... ၊
ပါးပါးရဲ့ အလုပ်တွေကို ဝင်လုပ်နေပြီဖြစ်တဲ့ ကိုကိုက တည်ကြည်ခန့်ညားစွာနှင့် ၊ စတွေ့ခါစကလို လူငယ်ဆန်သောအရိပ်အယောင်တို့ပျောက်ပြီး လူကြီးဆန်စွာ ခန့်ညားချောမောနေသော ကိုကို့ ကို ဝမ်ဝမ် ငေးကြည့်နေမိသည်။ ကြည့်နေရင်း မျက်မှောင်ကျုံ့လာသည့် ကိုကိုက....၊

' ငါ့ ရှေ့က ဘယ်တော့ဖယ်ပေးမှာလဲ ဝမ်ရိပေါ် '

သူ မေးလိုက်တော့မှ အသိဝင်လာသည့် ဝမ်ရိပေါ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ.....၊

' တောင်း....တောင်းပန်ပါတယ် ကိုကို ကျနော် ရုတ်တရက်မမြင်လိုက်လို့ပါ '
' ကျစ်.... '

ခေါင်းငုံ့၍ ခါးကိုင်းမတက်တောင်းပန်နေသော ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် စိတ်ရှုပ်သွားသည်။ ထို့နောက် ဖန်ခွက်အကွဲကိုကျော်ကာ တောင်းပန်နေသူအား ပုခုံးတိုက်ပြီး ရေခဲသေတ္တာထဲက ရေဗူးကိုယူလိုက်သည်။
ကိုကို တိုက်သွားသော ကိုယ်ကို ဝမ်ဝမ် မနည်းထိန်းယူလိုက်ရပြီး တုန်ယင်စွာနှင့် ဖန်ခွက်အကွဲများကို ကောက်ယူလိုက်သည်။တော်သေးတယ် ကိုကို့ ကို နို့တွေပေမသွားလို့။
ရှောင်းကျန့် ရေဗူးယူပြီးလှည့်လာတော့ ဖန်ခွက်ကွဲများကို တုန်ယင်စွာကောက်နေသော ကောင်လေးကို တွေ့ရသည်။
Uni ကျောင်းသားဖြစ်လာသည့် ထိုကောင်လေးက အာရုံကြောချို့တဲ့သူပီပီ လူကောင်လေးက သေးသေးကွေးကွေးလေး...၊ သူနှင့်စတွေ့စဉ်က ပါးဖောင်းဖောင်းလေးများက‌တော့ လူပျိုဖြစ်လာသည့် အချိန်မှာတောင် မျက်နှာသေးသေးလေးထက်ထင်ကျန်နေဆဲ.၊
မျက်စိ‌‌ေရှ့ပေါ်မလာနှင့် ပြောလိုက်ကတည်းက ထမင်းတောင်အတူမစားတော့သောကြောင့် ပါးနှင့်မားရဲ့ ဒေါသနှင့်ရင်ဆိုင်လိုက်ရသေးသည်။ ငယ်စဉ်ကတည်းက ဆူတောင်မဆူဖူးသည့် ပါးနှင့်မားက သူ့ကိုပြောလာတော့ ရှောင်းကျန့် ဖြစ်ပေါ်လာသော ဒေါသကို ထိုကောင်လေးပေါ် ပုံချကာ ပိုမုန်းခဲ့သည်။
ထိုကောင်လေးကို ဒုက္ခိတမှန်းသိသွားစဉ်က အံ့ဩစိတ်နှင့် လှောင်ပြောင်ခဲ့သေးသည်။ထို့နေ့မှစ၍ တစ်ပတ်တိတိ ထိုကောင်လေး အခန်းထဲမှ မထွက်တာကိုသိသွားစဉ် ရှောင်းကျန့် နောင်တရမိသည်။ မိမိဟာ စိတ်ထားသေးသိမ်သူ မဟုတ်သော်လည်း မုန်းသည့်စိတ်နှင့် လှောင်ပြောင်ခဲ့သည်။ ကောင်လေး ဖျားသွားသည်ဟု သိလိုက်ရပြီး ပါးနှင့်မား လည်း စိတ်မကောင်းတာသိရတော့ ‌တောင်းပန်ရန်စိတ်ကူးသော်လည်း ကောင်လေးက သူ့ရှေ့ကို လုံးဝပေါ်မလာတော့....၊
အရင်ဆိုရင် ကျောင်းသွားကျောင်းပြန် တွေ့နေရသည့်‌ ကောင်လေးက ထိုနေ့ကတည်းက သူ့ မြင်ကွင်းထဲမှ ပျောက်သွားခဲ့သည်။
ယခု တိုက်မိတာဟာ ဒီနှစ်တွေအတွင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကိုကို တောင်းပန်ပါတယ် ဝမ်ဝမ်Where stories live. Discover now