' တပည့်တော် နာမည် ဝမ်ရိပေါ်လို့ခေါ်ပါတယ် ဘုန်းဘုန်း၊ ပေကျင်းက လာတာပါ'
ဝမ်ဝမ်ရဲ့ စကားအဆုံး နောက်မှာရောက်နေကြသော ရွာသားများ၏အသံများထွက်လာသည်။
' မြို့ကြီးပြကြီးကပဲ ဟဲ့..၊ ချစ်ဖို့ကောင်းလိုက်တာအေ ၊ အသားလေးဆို ဖြူနုနေတာပဲ '
' ဟုတ်ပ ... ကျုပ်တို့နဲ့များ ကွာပါ့ '
' အဟမ်း...'ဘုန်းဘုန်း ချောင်းဟန့်သံကြောင့် အသံများတိတ်သွားသည်။ ထိုအခါ ဘုန်းဘုန်းမှ...၊
' ဒကာလေး အသက် ဘယ်နှနှစ်ရှိပြီလဲ...'
' တပည့်တော်အသက် ၂၀ ပြည့်ပြီးပါပြီ ဘုန်းဘုန်း '
' ဒကာလေး မိဘတွေရော '
' တကယ်တော့ တပည့်တော် ဒီရွာသားပါ ဘုန်းဘုန်း '
' ဟေ....'ဘုန်းဘုန်းနှင့်တကွ ရွာသားများပါ အံ့ဩကုန်ကြသည်။ အံ့ဩနေရာမှ လုံကျင်းက...
' ကကလေးငယ်က ဒီရွာသားဆို ဒေါ်ဒေါ်တို့က ဘာလို့မသိရတာလဲ '
' အေးနော်...'
' ဟုတ်တယ် '
' ကဲ...ကဲ ဒကာလေး ပြောပါစေ..၊ ဒကာလေး ဆက်ပြောပါအုန်း '
' တင်ပါ့..၊ တပည့်တော်မိခင်က တပည့်တော် မွေးပြီးပြီးချင်းဆုံးသွားတာဖြစ်တဲ့အပြင် ကြာသွားပြီမို့ တပည့်တော် နာမည်ကို မမှတ်မိတော့ပါဘူး ဘုန်းဘုန်း၊ ဖခင်က ဝမ်ယုပါ...၊ တပည့်တော် ၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်၊ တပည့်တော်ကို ပေကျင်းက ရှောင်းသူဌေးတို့က မွေးစားဖို့ခေါ်သွားတာပါ 'ကလေးငယ်ရဲ့ စကားကြားပြီး လုံကျင်း မျက်ရည်များကျလာကာ...၊
' ကလေးငယ်က ဝမ်ယုရဲ့ သားလေး၊ ဝမ်ဝမ်... ဝမ်ရိပေါ်လား....၊ ဘုန်းဘုန်းဘုရား တပည့်တော်၊ တပည့်တော်တို့ ရေစက်မကုန်သေးဘူး ဘုရား...အင့်...'
ဒေါ်ဒေါ်ရဲ့ စကားကြောင့် ဝမ်ဝမ်က နားမလည်သလိုကြည့်ကာ...၊
' ဒေါ်ဒေါ် ပြောတာ ကျနော် နားမလည်ဘူး '
' ကလေးငယ် နားလည်အောင် ဒေါ်ဒေါ် ပြောပြမှာပေါ့ကွယ်၊ ဒေါ်ဒေါ်က ကလေးငယ်ရဲ့ အပါးနဲ့ ငယ်သူငယ်ချင်းအရင်းကြီး ကလေးရဲ့၊ တကယ့် မောင်နှမ သွေးသားရင်းလို နေခဲ့ကြတာ၊ ကလေးငယ်ရဲ့ မားမား ရီရီ နဲ့လည်း ဒေါ်ဒေါ်ပဲ အောင်သွယ်ပေးခဲ့တာ၊ ဒေါ်ဒေါ်တို့ရွာက မြို့နဲ့ဆို ဝေးလန်ခေါင်သီလွန်းတော့ ဆင်းရဲတယ်၊ တစ်ဝမ်းတစ်ခါးအတွက် ပင်ပင်ပန်းပန်းရှာစားရတာ၊ သားလေးရဲ့ မားနဲ့ ပါးပါးတို့ လက်ထပ်တုန်းက ဒေါ်ဒေါ်က အပျော်ဆုံးလေ ၊ ကလေးငယ်ကို ကိုယ်ဝန်ဆောင်လာတော့ ဝမ်ယုက ငွေစုရမယ်ဆိုပြီး အလုပ်ကိုအရင်ကထက် အဆများစွာလုပ်သလို ရီရီကလည်း တစ်ဖက်တလမ်းက ကြိုးစားတယ်၊ နောက်ပိုင်း ရီရီက ချူချာလာတယ်၊ ကိုယ်ဝန်ရင့်လာလေ ချူချာလာလေပဲ၊ ဝမ်ယုက အလုပ်လည်း ကြိုးစားသလို ရီရီကိုလည်း သေချာဂရုစိုက်တယ်၊ ဒါပေမယ့် မြို့ကြီးပြကြီးတွေလိုမဟုတ်တော့ ဆေးရုံဆေးခန်း သွားပြဖို့လည်း အဆင်မပြေဘူးလေ၊ ရီရီက ကလေးငယ်ကိုမွေးပြီး သူ့သားလေး မျက်နှာမြင်ပြီးမှ ဆုံးရှာတာ၊ ဒေါ်ဒေါ်ရဲ့ လက်ထဲမှာပေါ့ကွယ်...အင့်...'
![](https://img.wattpad.com/cover/369738612-288-k700882.jpg)
YOU ARE READING
ကိုကို တောင်းပန်ပါတယ် ဝမ်ဝမ်
Romance' မင်းက တကယ် စိတ်ပျက်ဖို့ကောင်းတယ့် ကောင် ' ' ကျနော် ကိုကို့ အပေါ် ဘာအမှားများ ကြူးလွန်ဖူးလို့လဲ '