ကောင်းကင်တစ်ခွင် ကြည်လင်သာယာပြီး သင်္ကြန်ပြီး၍ နှစ်ဆန်းနှစ်ရက်နေ့ဖြစ်တာကြောင့် မိုးသားများေကာင်းကင်ပေါ်မှာ ကင်းစင်နေပေမယ့် မိုးရာသီထဲ ရောက်ဖို့ အချိန်ကို စတင်နေခဲ့သည်။
နှစ်ဆန်းနှစ်ရက်နေ့သည် ဆယ်တန်းအောင်စာရင်းများ ထွက်တဲ့နေ့ဖြစ်တာမို့လို့ မနက်ဝေလီဝေလင်းအချိန်ကတည်းက အထက်တန်းစာသင်ကျောင်းအသီးသီးမှာ မိဘနဲ့ကျောင်းသားတွေ ရုတ်ရုတ်နဲ့ အောင်စာရင်းကြည့်ဖို့ မနက် (၅)နာရီ ကတည်းက ရင်ခုန်စိတ်လှုပ်ရှားကြပြီး ထိုင်စောင့်နေကြသည်။
ဒီမြို့မှာ အထက်တန်းကျောင်း တစ်ကျောင်းပဲ ရှိတာဖြစ်လို့ နယ်ကျောင်းခွဲတွေအသီးသီးကနေ အောင်စရင်း လာကြည့်ကြရသည်။ ထိုအထဲမှာက "OffRoad " က ဦးဆောင်ပြီး သူ့ကျောင်းသားတွေနဲ့အတူ အောင်စာရင်းကို ရင်ခုန်စွာစောင့်နေခဲ့ကြသည်။ "Road " ဆရာသာ သင်ရင် မအောင်တဲ့ကျောင်းသားမရှိဘူးဆိုတဲ့ ဂုဏ်ပုဒ်က ဒီမြို့နယ်မှာ ဟိုးလင်းသကြော်ကြော် ဖြစ်နေသည်။ တကယ်လည်း အသက်ငယ်ငယ်နဲ့စာသင်ပြကောင်းမွန်ပြီး လူယဉ်ကျေးလေးဖြစ်တာကြောင့် လူကြီးလူငယ် ပါးစပ်ဖျားက ချမရဖြစ်ခဲ့တာပေါ့ ။ သားမက်တော်ချင်တဲ့ အိမ်တွေကလည်း များလို့ အပျိုတိုင်းကြိုက်တဲ့ နှင်းဆီကိုင် ဖြစ်နေခဲ့တယ်။ အသားဖြူဖြူ၊ အရပ်ခပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ် ပုံစံဘက်မဟုတ်ပဲ ပုံမှန်အနေအထားလေးနှင့် ကြည့်ကောင်းနေသည်။ပြုံးလိုက်ရင် လူတိုင်းကို ရေအေးချမ်းနဲ့ပက်ဖျန်းလိုက်သလို ဖြစ်သွားစေတဲ့ သူ့ရဲ့အပြုံးက ဘယ်သူမှလိုက်လို့မမှီရဲ့ချစ်စရာကောင်းတဲ့အမူအယာလေး တစ်ခုလိုပေါ့။
~~~~~~~~~
" မင်းသား ဒီတစ်ခေါက်လည်း ကျလာပြန်ပြီလား ခင်မြတ် "
ဒေါ်ခင်မြတ်နဲ့ ကျူကျူ" တို့ အိမ်ထဲ၀င်လာတာနဲ့ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေသော ဦးမြင့်မိုရ်ရဲ့စကားကြောင့် သားအမိနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အသက်ပြင်းအရှည်ကြီး ချမိသည်။
အခုတစ်ခေါက်နဲ့ဆိုရင် ဆယ်တန်းစာမေးပွဲကျတာ နှစ်ခါမြှောက်ရှိသည့်အတွက် မိသားစုသုံးယောက်လုံးက စိတ်ညစ်နေပေမယ့် ကံယကံရှင်ဖြစ်တဲ့ " Daou " က အိပ်ယာကနေတောင် မနိုးသေးပေ။