အိမ်ကို ဆိုင်ကယ်အမြန်မောင်းလာပြီး ခြံတံခါးလည်း ကိုယ့်ဘာသာ ဖွင့် ခြံရှေ့မှာရပ်ပြီး တစ်အိမ်လုံးတော့ မီးဖွင့်ထားပြီး လက်မှာ ပတ်ထားတဲ့ လက်ပတ်နာရီအမဲလေးကို တစ်ချက်ငှဲ့ကြည့်လိုက်တော့ ညခုနှစ်နာရီထိုးခါနီးနေပြီ။ "စိတ်တိုလိုက်တာကွာ " Offroad စိတ်တိုတာ ရှားပေမယ့် Daou နှင့်ပက်သက်လာရင်တော့ အလိုလိုနေရင်းကို တိုနေသည်။ သူတို့အိမ်က တိုက်ကတစ်ပိုင်း ပျဉ်ကတစ်ပိုင်းဖြစ်သည်။ အပေါ်ကသစ်တွေနဲ့ဆောက်ထားပြီး အောက်ထပ်က ဘိလပ်တွေနဲ့လုပ်ထားသည့် အိမ်ထမင်းဆိုင်လေးဖြစ်သည်။
Road " အိမ်ထဲကို ဆိုင်ကယ်ယူသွင်းပြီး ရေခဲသေတ္တာထဲက ရေခဲရေတစ်ဗူးကို ယူထုတ်ပြီး ထမင်းစား စားပွဲအနားက ထိုင်ခုံမှာ ထိုင်ပြီး ရေကို ဟောဟဲ...ဟောဟဲ...သောက်နေသည်။
"ဘာမှမလုပ်ပဲကို မောနေရောပဲကွာ .."
အသံကို မြှင့်မြှင့်လေးပြောပြီး အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး အပန်းဖြေနေသည်။"သား ပြန်လာပြီလား စောလိုက်တာ.."
ဒေါ်မေကြည်က အိမ်ပေါ်ကနေ ဘုရားရှိခိုးပြီး ဆင်းလာတာမို့လို့ မျက်နှာသုတ်ပုဝါတစ်ထည် ပုခုံးပေါ်တင်ပြီး လှေကားကနေ အောက်ထပ်ကို ဆင်းလာသည်။
" ဘယ်လိုဖြစ်တာလဲ သားကို ကြည့်ရတာ ချွေးတွေစိုရွှဲနေတာပဲ။"
" ဘာဖြစ်ရမှာလဲ အမေရယ်... အခုစာသင်ဖို့ သွားတဲ့ ကျောင်းသားက ဘယ်သူမှတ်လဲ "
" အင်း... ဘယ်သူတုန်း သားအသိလား.."
" အသိဆိုရင် တော်သေးတယ် အမေရယ်။ တစ်ကျောင်းလုံးမှာ အဆိုးဆုံး။ "
မမေမြတ် က ပြောပါတယ် သူ့သားက နည်းနည်း ဆိုးပါတယ်လို့လေ .."
" နည်းနည်းဆိုးတာမဟုတ်ဘူး အမေရေ ။ အများကြီး ။ ဆိုးလို့ လိုက်လို့ကိုမမှီတာ။"စိတ်ပါလက်ပါနဲ့ သူ့အမေကိုရှင်းပြနေပြီး သူ့အမေကတော့ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် ။
" အဲဒါကြောင့် ပြန်လာတာပေါ့ သားက။"
" ပြန်မလာရင် အိမ်ပေါ်က နှင်ချမဲ့ရုပ်ဖြစ်လို့ အမေရေ ပြန်လာမှရမှာ။"
" စိတ်လျှော့ပါ သားရယ်။ ညနေက သားသွားတုန်းကတောင် သူ့အမေအိမ်ဘက်ခဏလာပြီး လစာဆိုပြီး ပိုက်ဆံလာပေးသွားတာ။ "
" ဟင် ... လာပေးသွားတာလား.."
" ဟုတ်တယ် သား... အကယ်၍ သား မသင်ချင်ရင် မနက်ဖြန် ပြန်သွားပေးလိုက်ပါ အမေကတော့ မတိုက်တွန်းပါဘူး။"